( Zawgyi)
ဘယ်သူမှမသိနိုင်တဲ့ မြို့လေးတစ်မြို့မှာ ဘယ်သူမှမသိနိုင်တဲ့ဒဏ်ရာတွေနဲ့ ပန်းချီကားလေးတွေကိုအဖော်ပြုကာ အထီးကျန်ဆန်တဲ့ဘဝလေးကိုဖြတ်သန်းနေတဲ့ ကောင်လေးတစ်ယောက်မှာ အိမ်ပြင်ကမိုးစက်လေးများကိုငေးကြည့်နေလေသည်။အခုဆို မောင်သူ့ဘဝထဲကနေထွက်သွားခဲ့တာ ၁ လကျော်တောင်ရှိရော့မည်။အခန်းထဲမှာနေရာအပြည့်ယူထားတာကမောင့်ပုံချည်းဘဲ။တစ်နေရာမှာမျက်လုံးအရောက် ရှောင်ကျန့်ခါးသီးစွာပြုံးလိုက်မိသည်။ဘယ်တော့မှဖြစ်နိုင်တော့မှာမဟုတ်တဲ့သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲလေး။တစ်ချိန်ကပေးခဲ့ဖူးတဲ့ကတိတွေကိုတွေးမိတော့ မရည်ရွယ်ပါဘဲမျက်လုံးအိမ်မှမျက်ရည်လေးတစ်ပေါက်စီးကျလာလေသည်။ဘယ်တော့မှမထားခဲ့ပါနဲ့လို့တောင်းဆိုခဲ့တာလည်း မောင်ကိုယ်တိုင်ဘဲ။ဘယ်တော့မှမထားခဲ့ပါဘူးလို့ကတိပေးခဲ့တာလည်းမောင်ကိုယ်တိုင်ဘဲ။အဟက် နောက်ဆုံးထားသွားခဲ့တာလည်းမောင်ကိုယ်တိုင်ဘဲနော်။ရှောင်ကျန့်အချစ်ဆိုတာကိုယုံကြည်ဖို့အတော်ကြောက်နေမိပြီ။ကျလာတဲ့မျက်ရည်တွေကိုသုတ်ပစ်လိုက်သည်။ငိုတာကကလေးအတွက်မကောင်းဘူးမို့လား။
လူ့လောကထဲကိုမရောက်လာသေးတဲ့ဗိုက်ထဲကကလေးလေးကိုတွေးမိတော့ ရှောင်ကျန့်နှစ်ခြိုက်စွာပြုံးမိပြန်သည်။သူ့ဘေးနားမှာမောင်မရှိတော့ပေမယ့် မောင့်ကိုယ်ပွားလေးရှိနေပါသေးသည်။မောင့်ကိုသတိရတဲ့စိတ်နဲ့ငိုခဲ့ရတဲ့ညပေါင်းလည်းမနည်းတော့ပါ။သူများတွေ မှာ ဗိုက်ထဲကကလေးလေးရဲ့လှုပ်ရှားမှုတွေကိုနားထောင်ပေးမယ့် သူရှိပေမယ့် သူ့မှာမရှိခဲ့ဘူး။ဒါပေမယ့်သူ့ဘေးမှာအမြဲတမ်းအားပေးနေတဲ့မားရှိနေသေးသည်။
မားကိုသူတစ်ကယ်ကျေးဇူးတင်ပါသည်။မောင်နှင့်လမ်းခွဲခဲ့ပြီးသည့်နေ့တွင်သူမေ့လဲမတတ်ငိုခဲ့မိသည်။ကိုယ်ဝန်ဆောင်နေချိန်မှာပိုစိတ်အားငယ်တာလည်းပါလိမ့်မည်။မားကသူ့ကိုအားပေးကာ သူ့ဘေးမှာရပ်တည်ပေးခဲ့သည်။အရင်တုန်းကမောင်တောင်းဆိုဖူးသည့်အတိုင်း ထိုညမှာပင် မောင်နှင့်ရှောင်ဟွားတို့ရဲ့မင်္ဂလာပန်းချီရေးဆွဲခဲ့သည်။ရင်တွေစုပ်ပြတ်မတတ်နာကျင်နေခဲ့ပေမယ့်ပေါ့။သူမရှိပေမယ့်မောင့်ကိုအမြဲပြုံးနေစေချင်တဲ့စိတ်နဲ့ သူပြုံးရွှင်နေတဲ့ပုံသာဆွဲခဲ့သည်။နောက်နေ့စောစောမှာပင် ဟိုက်ခွမ်းကောနဲ့တွေ့ကာ မောင့်ရဲ့အရေးကြီးတဲ့နေ့မှာပေးဖို့ မှာခဲ့သည်။
YOU ARE READING
ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- Preg
Fanfictionအိပ်မက်ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား အိပ္မက္ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား Yizhan fanfiction M - Preg