(Zawgyi)
ရှောင်ဟွားလည်း သူ့သူငယ်ချင်းကိုမေးတော့သည်။
" အားရန် ခုဏတုန်းကထွက်သွားတဲ့တစ်ယောက်အကြောင်းငါ့ကိုပြောပြပါလား "
" အာ ရှောင်ဟွား ပြောပြလို့မဖြစ်ဘူးလေ ငါတို့ဆရာဝန်တွေဆိုတာ လူနာတွေရဲ့ ခွင့်ပြုချက်မရှိဘဲပြောလို့မရဘူး "
" လုပ်ပါဟာ ငါ့ကိုပြောပြပါ တစ်ကယ်အရေးကြီးနေလို့ အမှန်အတိုင်းပြောရရင် သူက ငါ့အစ်ကို "
" ဟင် ရှောင်ဟွားနင်ဘယ်တုန်းကအစ်ကိုရသွားတာလဲ ငါတောင်မသိလိုက်ဘူး "
" ဒါတွေနောက်မှမေးတော့ဟယ် အခုတော့သူနင့်ဆီရောက်လာရတဲ့အကြောင်းရင်းကေိုသာပွောပွပါ ဒါကလူလေးယောက်နဲ့နှလုံးသားနဲ့ဆိုင်နေလို့ "
" အေးပါ နင့်အစ်ကိုဆိုတော့လည်း ပြောပြပေးမယ် သူကငါ့ဆီကိုရောက်လာတဲ့ ပထမဆုံးယောက်ျားလေးကိုယ်ဝန်ဆောင်ဘဲ "
" သူ့ရဲ့အမျိုးသားရောမပါဘူးလား "
" မပါဘူး အမြဲသူတစ်ယောက်ထဲဘဲလာတာသူ့အမျိုးသားအကြောင်းကိုတစ်ခါကငါမေးဖူးတယ် ငါလည်းအမြဲသူတစ်ယောက်တည်းဆိုတော့ သိချင်လို့မေးလိုက်တာ သူ့ရဲ့ဘဝထဲကထွက်သွားပြီတဲ့ သနားပါတယ် ငယ်ငယ်ရွယ်ရွယ်လေးနဲ့အမျိုးသားကဆုံးသွားရှာတာ "
" သူကပြောလို့လားဆုံးသွားတယ်လို့ "
" အားရားနင်ကလည်းသူ့ဘဝထဲကထွက်သွားပြီလို့ပြောတာကဆုံးသွားတာမဟုတ်ဘူးလား နင်ကသူများကိုဘဲပြောနေနင့်ယောက်ျားလည်းတစ်ခါမှခေါ်လာတာမတွေ့ဘူးနော် ငါ့မှာသူ့ဓာတ်ပုံဘဲမြင်ဖူးတာ "
" အာ သူကအမြဲတမ်းအလုပ်ရှုပ်နေတော့ လိုက်မပို့နိုင်တာပါ "
"ဟုတ်ပါပြီ လီကဝော်ရယ် ရှင့်ယောက်ျားကဘဲအမြဲအလုပ်ရှုပ်နေတာပါ တစ်လတစ်ခါလေးတောင်မိန်းမကို လိုက်မပို့နိုင်ရအောင် တော်တော်အလုပ်ကြိုးစားတာဘဲ ငါကတော့နင့်ရဲ့ လီမျိုးရိုးကောင်ကို တော်တော်လေးအမြင်ကတ်နေပြီ "
" ဒါနဲ့ သူ့ကိုယ်ဝန်ကဘယ်နလရှိပြီလဲ "
" အယ် မွေးတောင်မွေးတော့မယ် ၇ လရှိနေပြီ သူ့ရဲ့ကလေးကအမွှာလေးဖြစ်ပုံရတယ် ဗိုက်ကိုကြည့်ရတာ "
YOU ARE READING
ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- Preg
Fanficအိပ်မက်ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား အိပ္မက္ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား Yizhan fanfiction M - Preg