သာယာတဲ့မနက်ခင်းလေးတစ်ခုတော့ အစပြုခဲ့ပြန်ပြီ။ရှောင်ကျန်ပုံမှန်အတိုင်းဘဲ အိပ်ယာထတယ် ရေချိုးပြီး ကျောင်းသွားဖို့ ပြင်ဆင်စရာရှိတာတွေပြင်ဆင်သည်။အောက်ထပ်ဆင်းလာတော့ ပုံမှန်အတိုင်းဘဲ မားကိုနှုတ်ဆက်ကာ မနက်စာစားလိုက်သည်။ကျိုးချန်လာခေါ်တော့ ကျောင်းအတူသွားကြသည်။အရာအားလူံပုံမှန်ဖြစ်နေခဲ့သည့် မနက်ခင်းလေးဟာ ကျောင်းရောက်တော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့သည်။
ကျောင်းကလူတွေက သူ့ကို ကွက်ကြည့်ကွက်ကြည့်နှင့် သူလည်းဘာဖြစ်နေသည်ဆိုတာမသိ ။ထို့ကြောင့် အားလုံးကိုလစ်လျူရှုကာကိုယ့်နေရာကိုယ်ဝင်ထိုင်တော့ မောင်က မရောက်သေး။ပုံမှန်တွေ့နေကျ မုန့်လေးတွေလည်းမတွေ့။မောင်ဒီနေ့ဘာကြောင့်နောက်ကျနေတာပါလိမ့်။
ထိုအချိန်မှာဘဲ အူယားဖားယားဖြင့်ကျိုးချန်တစ်ယောက်အတန်းထဲသို့ရောက်လာကာ
" ရှောင်ကျန့် "
" ဘာလဲကျိုးချန်ရာ အလန့်တကြားနဲ့ "
" ဝမ်ရိပေါ် ...သူ..."
" ဘာဖြစ်တာလဲ ကျိုးချန်ရာမောင်ဘာဖြစ်လို့လဲ "
" ဝမ်ရိပေါ် ကျောင်းမှာမရှိတော့ဘူးတဲ့ US ကိုကျောင်းသွားတက်ပြီတဲ့"
" ဟင် မဖြစ်နိုင်ပါဘူး သူသာသွားရင် ငါ့ကိုပြောမှာပေါ့ မဖြစ်နိုင်ပါဘူး ကျိုးချန်ရာ "
" ဖြစ်နိုင်မဖြစ်နိုင် ဖုန်းဆက်ကြည့်လေကွာ "
" အေး ဟုတ်သား "
ရှောင်ကျန့်ဖုန်းခေါ်ကြည့်လိုက်တော့ ' လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ ခေါ်ဆို၍မရနိုင်ပါရှင် '။ရှောင်ကျန့်မယုံနိုင်ပါ ။မောင်ကထားခဲ့မှာမဟုတ်ပါဘူး ။ထပ်ခေါ်ကြည့်ပေမယ့် တုံ့ပြန်မှုက မပြောင်းလဲ။
" ကျိုးချန် မဟုတ်ပါဘူးနော် မောင်က ငါ့ကိုထားခဲ့မှာမဟုတ်ပါဘူး မနေ့ညကတောင် ငါနဲ့စကားပြောသေးတာ "
" ရှောင်ကျန့်ရာ ..."
ကျိုးချန်မှာ ငိုနေသည့်သူငယ်ချင်းကို ဘာလုပ်ပေးရမှန်းမသိ။သူလည်းမနှစ်သိမ့်တတ်။ဝမ်ရိပေါ်ရာ ရှောင်ကျန့်ကို ဘာလို့ ကစားသွားရတာလဲကွာ။
YOU ARE READING
ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- Preg
Fanficအိပ်မက်ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား အိပ္မက္ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား Yizhan fanfiction M - Preg