Part-2

1.3K 121 12
                                    

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Jin လည်း ကျောင်းဆင်းလို့ပြန်လာတော့ ခြံတံခါးကိုတွန်းအဖွင့် ကြားလိုက်ရသောအသံလေးကြောင့် နောက်ပြန်လှည့်ကြည့်တော့ Tae ကိုတွေ့လေသည်။

Jin's pov
Wowwww. ကလေးနဲ့ မတွေ့ရတော့ဘူးလို့ ထင်ထားတာ တွေ့မယ့်တွေ့တော့လည်း အိမ်နီးချင်းဖြစ်နေပါရောလား wowww မိုးနတ်မင်းက ငါ့ဆုတောင်းကို ဖြည့်ပေးလိုက်တာပဲ ကျေးဇူးတင်ပါတယ် မိုးနတ်မင်းကြီးရေ....

ဟု စိတ်ထဲပြောပြီး လက်အုပ်ချီပြီး ခေါင်းကိုကောင်းကင်သို့မော့ကာ မျက်နှာမှာလည်း အပြုံးတွေပန်ဆင်လျက်။

ဟုတ်ပါသည် jinတစ်ယောက် ကျောင်းမှာလည်း မနက်ကTaeနဲ့တွေ့တဲ့အကြောင်းတွေပဲ ပြန်တွေးကာ နောက်တစ်ခါပြန်တွေ့ဖို့လည်း စိတ်ထဲမှ အကြိမ်ကြိမ် ဆုတောင်းနေခဲ့သည်လေ။

Jinတစ်ယောက် မနက်ကတွေ့ခဲ့တဲ့Taeအား စွဲလမ်းနေသည်မှာအမှန်ပင်ဖြစ်ပြီး သူကိုယ်တိုင်လည်း သိသည် သူTaeကို မြင်မြင်ချင်းချစ်မိသွားတာကို သူမဖြစ်နိုင်ဘူးလို့ ဦးနှောက်က အကြိမ်ကြိမ်သတိပေးနေသော်လည်း နှလုံးသားက လက်မခံချေ။
တသ်နေ့လုံး ကျောင်းမှာ Tae ပုံရိပ်ပဲမြင်နေလေသည်။
စာသင်ရက်လည်း စာတွေကစာမဟုတ်ပဲ Taeမျက်နှာလေးသာဖြစ်နေလေသည်။

Jinကိုယ်တိုင်လည်းမသိတော့ပါ သူဘာလို့ ဒီကောင်လေးကို ဒီလောက်ထိစွဲလမ်းနေလဲဆိုတာ။
ခု ဒီကောင်လေးကိုတွေ့တော့လည်း ခြေလှမ်းများက မရွေ့။

Tae ကတော့ခြံကြီးထဲမှာ ခွေးလေးတစ်ကောင်နှင့် ပြေးတမ်းလိုက်တမ်း ကစားနေလေသည်။

Tae-ဟ ဟ မင်းကအရမ်းတော်တာပဲကွ ဟားဟားးးးး ဒီလာပါဦး ဖေ့သားကြီးရ ဟားဟား

Taeကအဲ့လိုပြောလိုက်တော့ ခွေးလေးကTaeကိုယ်ပေါ်သို့ ခုန်တက်လာတော့ Taeကလည်း သဘောတကျရယ်နေတော့သည်။

Jin's pov
အရမ်းလှတယ် Taeရယ် အဲ့လိုလေးပြုံးလိုက်ရင် ဖြစ်သွားတဲ့ မင်းရဲ့ အသည်းပုံနှုတ်ခမ်းလေးကိုလည်းအရမ်းကြိုက်တယ်

ဘယ်သူသိမှာလည်း အဲ့အပြုံးတွေက တစ်နေ့ပျောက်ကွယ်သွားပြီး နာကျည်းချက်တွေဖြစ်လာမယ်ဆိုတာ။

ချစ်ခြင်းသီတဲ့အမုန်းWhere stories live. Discover now