Part-26

680 61 21
                                    

Hoseok and Hobi side>>>>>

Hobi တစ်ယောက် Yg နှင့်Date ပြီး ဆေးရုံမှာလည်း ထွေထွေထူးထူး မရှိတာကြောင့် ေန့တစ်ဝက်ခွင့်ယူကာ အိမ်သို့ပြန်လာလေသည်။

အိမ်ရောက်ရောက်ချင်း တစ်မနက်လုံးလည်ပတ်ထားတာကြောင့် လူကအတော့်ကိုပင်ပန်းနေပြီဖြစ်သည်။
ထို့အတွက်ကြောင့် ဆိုဖာ ပေါ်သို့ တစ်ကိုယ်လုံးပစ်လှဲလိုက်လေသည်။

Hobi-ပင်ပန်းလိုက်တာ...ကောင်စုတ်လေး သူ့ကြောင့် ဟွန့်...အစ်ကို အစ်ကို..ဒါတွေအစ်ကို့ကြောင့် မဖြစ်တော့ပါဘူး အစ်ကို့ကိုငါ အမှန်တိုင်းပြောလိုက်တော့မယ်...ဟူးးးးး

ထိုအချိန် အပြင်မှပြန်လာသော တစ်နည်းအားဖြင့် ကြင်ဖက်တွေ့ပြီးပြန်လာပါသော Hoseok။

Hobiလည်း ဆိုဖာပေါ်မှထလိုက်ပြီး ဟိုဆော့အတွက် ရေတစ်ခွက်သွားယူကာ ပေးလိုက်လေသည်။

Hoseok-ကျေးဇူးပဲ ဟိုဘီရားး....ခုမှပဲ အမောပြေတော့တယ်ဟဲဟဲ..

Hobi-ဟုတ်ပါပြီ..ဒါနဲ့အစ်ကို ဆိုင်မသွားဘူးလား...

Hoseok-ဟို..ဟို..ငါ..

တစ်ဟိုတည်းဟိုနေတဲ့ ဟိုဆော့ကို စိတ်မရှည်တဲ့ ဟိုဘီ ကပဲစကားကိုထောက်ပေးလိုက်သည်။
ထိုအခါ ဟိုဆော့ပြောလာတဲ့စကားကြောင့် ဟိုဘီတစ်ယောက် နေရင်းထိုင်ရင်း တံတွေးသီးသွားရလေသည်။

Hobi-အဟွတ်..အဟွတ်..ဘာ..ဘာပြောလိုက်တယ်..ကြင်ဖက်သွားတွေ့တယ် ဟုတ်လား!

Hoseok-အင်..အင်းး

Hobi-အစ်ကိုကရော ဘယ်လိုလဲ...

Hoseok-ငါ လက်ခံလိုက်တယ်... Hobi arhh ငါလည်းအိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီမဟုတ်လား...ပြီးတော့ အဲ့လူက တစ်ခြားလူမဟုတ်ပါဘူး ငါ့သူငါ်ချင်းယောကျ်ားရဲ့ အစ်ကိုရင်း..အဲ့တာကြောင့် ငါသဘောတူလိုက်တာ...တောင်းပန်ပါတယ် အစ်ကိုမတိုင်ပင်ပဲ လုပ်လိုက်မိလို့...

Hobi-အမ်း..မဟုတ်တာ အစ်ကို့ဆုံးဖြတ်ချက်တိုင်းကို ကျွန်တော် လေးစားပြီးသားပါ..ဒါပေမဲ့ အစ်ကို...

Hoseok သူ့ကို တစ်ခုခုတောင်းဆိုချင်နေဟန်တူသည့် ဟိုဘီကို ကြည့်ကာ ပြုံးလိုက်ပြီး..

ချစ်ခြင်းသီတဲ့အမုန်းWhere stories live. Discover now