Part-11

1K 98 31
                                    

မနက်ရောက်တော့  Taeတစ်ယောက်   ကုမ္ပဏီ သွားဖို့အောက်ဆင်းလာကာ   တံခါးဖွင့်လိုက်တော့   တစ်ကိုယ်လုံးဖြူဖျော့နေပြီး  နှုတ်ခမ်းတစ်ခုလုံးမှာလည်း   သွေးရောင်ပင်မရှိတော့အောင်ပင်   ဖြစ်နေပြီး   ခွေခွေလေး    မေ့မျောနေတဲ့  jin ကိုတွေ့တော့....

Tae-ဒီမှာ.....ဒီမှာ...ဘေးဖယ်....ကျစ်..အိုင်တင်တွေလုပ်နေပြန်ပြီ...

ထို့နောက်   ရေတစ်ပုံးဆွဲလာကာ    jin ပေါ်သို့လောင်းချလိုက်တော့   မျက်လုံးအနည်းငယ်ပီင့်လာတဲ့   ထိုလူသား...

Jin-ငါ....ငါ....ငါ..အ...အရမ်း...ချမ်းတယ်..

ပြောပြီး   အမှောင်ထုထဲသို့  ရောက်သွားချေလေရဲ့....

ထိုအခါကျမှ Tae လည်း ပြာပြာသလဲဖင့် jin ကိုယ်လေးအား   ပွေ့ချီကာ   သူ့အခန်းဆီသို့...

ပါးစပ်မှလည်း.."ခင်ဗျား သေလို့မဖြစ်သေးဘူးနော်...". ..

အခန်းထဲရောက်တော့   ရေစိုနေတဲ့အဝတ်တွေကို   ချွတ်ပေးလိုက်တဲ့ အခါမှာတော့  Tae တစ်ယောက် သူကိုယ်တိုင်တောင်မသိပဲ  တံတွေးမျိုချမိလိုက်လေရဲ့...

နီရဲနေတဲ့   ချယ်ရီပွင့်ချပ်လေးတွေရဲ့ဘေးမှာ   ကြပ်သီးဖုလေးတွေကအစီအရီ....
ထို့နောက်   အဆီပိုမရှိ  ချပ်ရပ်နေတဲ့   ဗိုက်သားဖွေးဖွေးလေး....

Tae လည်း ဆက်မကြည့်တော့ပဲ   အကျီတွေကိုသာ  လဲပေးလိုက်တော့သည်...
ဟုတ်တယ်လေ   သူဒီထက်ပိုကြည့်ရင်   သူဘာလုပ်မိမယ်မသိ...

သူ့အကျီ  ဆွယ်တာအဖြူလေးအား   လဲပေးလိုက်ပြီးနောက်မှာတော့   သွေးထွက်နေတဲ့   လက်ကဒဏ်ရာကိုမြင်တော့   ဆေးလိမ်းပေးလိုက်ပြီး   စောင်ခြုံပေးလိုက်ကာ   ထွက်သွားမည်အပြု....သူ့လက်အား လှမ်းဆွဲလိုက်တဲ့   လက်တစ်စုံကြောင့်..  ခဏလောက်ငြိမ်သက်သွားပြီး   ကြားလိုက်ရတဲ့စကားကြောင့်   ထမ်မံ ငြိမ်သက်သွားလေသည်....

Jin-Tae လေး ကိုကို့ကို  ထားမသွားပါနဲ့နော်...ကိုကို မင်းကိုလိုက်ရှာနေတာကြာလှပါပြီ...ဒါပေမဲ့  မတွေ့ခဲ့ဘူး...ထပ်ပြီး ထားမသွားပါနဲ့နော်...ခု..ခုကိုကို အရမ်းချမ်းနေတယ်   ဖက်ပေးမယ်မဟုတ်လား Taeလေး....

ချစ်ခြင်းသီတဲ့အမုန်းWhere stories live. Discover now