Part-29

691 64 27
                                    

Taehyung ရဲစခန်းကိုရောက်တော့ မင်ယောင်းကသူ့ဆီပြေးလာပြီး နားနေခန်းထဲသို့ခေါ်သွားသည်..။

Tae-ကားဘရိတ်ကြိုး ဖြတ်ခံရတယ်ဆိုတာ မင်းတို့က ဘယ်လိုသိတာလဲ..

S-ဘာလို့လဲဆိုတော့..ကားဘရိတ်ကြိုးက အစကတည်းက ပြတ်နေတယ်ဆိုရင်..သူတို့စေ့စပ်ပွဲလာတဲ့လမ်းမှာတင် ပွဲပြီးပြီ..ခုဟာက ဒယ်ဂူသွားတဲ့လမ်းမှ ဖြစ်တယ်ဆိုတော့..လုပ်ကြံခံရတာပဲ..မင်းရော မတွေးမိဘူးလား..

မင်ယောင်းက ထိုလူဝင်လာတော့ ခါးကို 90 ဒီဂရီကိုင်းကာ နှုတ်ဆက်သည်..။
အင်းးသူ့ထက် ရာထူးကြီးတယ်ထင်ပါရဲ့..။

ကျွန်တော် သေချာစဥ်းစားကြည့်​တော့ ထိုလူပြောတာဟာ မှန်နေသလိုပင်.။
ကားဘရိတ်ကြိုးက အစကတည်းကပြတ်နေရင် စေ့စပ်ပွဲလာတဲ့လမ်းမှာ သေတဲ့ထိမဖြစ်ရင်တောင် တစ်ခုခုတော့ဖြစ်နိုင်သည်မလား..။
ဒယ်ဂူသွားတဲ့လမ်းမှာမှဖြစ်တယ်ဆိုတော့..အင်းးဒါတစ်ယောက်ယောက်က တမင်သက်သက် ကားဘရိတ်ကြိုးကို ဖြတ်လိုက်တာပဲ..။
အစက ဘာလို့အစဥ်းစားခဲ့မိပါလိမ့်..အင်း ဈာပနပွဲကို ဒိုင်ခံလုပ်ပေးနေရတာဆိုတော့ ခေါင်းကမတွေးမိတာဖြစ်မယ်..။
ဒါဆိုဘယ်သူများလဲ..
ယောက်ခမကြီးတို့မှာလည်း ရန်ငြှိုးဖွဲ့ရအောင်လောက်ထိ ရန်သူအကြီးအမားကလည်းမရှိ..။

ဒါမှမဟုတ် ယောက်ခထီးကြီး စီးပွားရေးလုပ်တုန်းက ပြိုင်ဘက်ဖြစ်ခဲ့သူများလား..။
ဒါလည်း ဟုတ်ချင်မှဟုတ်မှာပါလေ..အင်းးအိမ်ရောက်မှ ယောက်ခမကြီးတို့မှာ အရင်က ရန်ငြှိုးရှိခဲ့တဲ့သူရှိလားဆိုတာပြန်ကြည့်ကြည့်ရမည်..။

S-မင်း ဘယ်လိုသဘောရလဲ?

Tae-အင်းးကျွန်တော်အစက ဒါကိုမတွေးမိခဲ့ဘူး..

မင်ယောင်း-ကျွန်တော်တစ်ခုလောက်ပြောပါရစေ..

မင်ယောင်းလည်း ထိုရာထူးကြီးကြီးလူရဲ့ ခွင့်ပြုချက်ရမှ ဆက်ပြောလာသည်..။

မင်ယောင်း-ဒီလိုပါ..ကားဘရိတ်ကြိုးကို စေ့စပ်ပွဲမှာ တစ်ယောက်ယောက်က ဖြတ်လိုက်တာလို့ ထင်ပါတယ်..အတည်ပြုဖို့အတွက်..အစ်ကို..အဲ့နေ့တုန်းက cctv တပ်ထားလား..

ချစ်ခြင်းသီတဲ့အမုန်းWhere stories live. Discover now