Part-13

1K 95 36
                                    

မနက်ရောက်တော့ Tae အစောကြီးနိုးနေကာ အလုပ်သွားဖို့ အောက်ထပ်ကို ဆင်းလာတော့ သူအမြဲတမ်း ဆင်းလာတိုင်း မနက်စာကို အားပါးတရစားနေတဲ့ လူသားလေးကို မတွေ့တာကြောင့် စိတ်ထဲနည်းနည်းကသိကအောက်ဖြစ်သွားလေရဲ့...

Tae-ကျစ်...အဲ့လူအကြောင်း ဘာလို့တွေးမိနေရတာလဲကွာ..
ခေါင်းအား ခါရမ်းလိုက်ပြီး သူ့အလုပ်သို့...

Taeထွက်သွားပြီးနောက် Jin လည်း အခန်းထဲမှ ထွက်လာကာ မနက်စာစားရန်ပြင်လိုက်လေသည်...
ထို့နောက် ခြံထဲသို့ကြည့်မိတော့ ကားအနက်လေးကမရှိတော့ချေ...

Jin-ဟင်းးး Yuri ဆိုတဲ့မိန်းမက မောင်နဲ့ ဘယ်လိုပတ်သတ်နေတာလဲ...
ပေါင်မုန့်မီးကင်လေးအား တစ်ကိုက်ကိုက်ကာ ပြောလိုက်လေသည်..

ထို့နောက်သူလည်း အလုပ်သို့....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Jin လည်း သူ့အခန်းထဲရောက်တော့ မြင်လိုက်ရတဲ့ ကျောပြင်လေး​ကြောင့် မျင်ရည်များက ဝဲလာပြီး ထိုလူသားအား အပြေးငွားဖက်တော့သည်...

အင့်...

Jungkook လည်း နောက်လှည့်ကြည့်လိုက်တော့ သူသိပ်ချစ်ရပါသောလူသားက သူ့အား အတင်းထွေးပွေ့ထားသည်တဲ့လား...

Jungkook လည်း jin နဲ့ မျက်နှာချင်းဆိုင် လှည့်လိုက်ပြီး တင်းကြပ်နေအောင် ပြန်လည်ပွေ့ဖက်ထားလေသည်...

Jin-ေလူဆိုးလေး....နိုင်ငံခြားသွားပြီး ငါ့ကိုတောင်အဆက်အသွယ်မလုပ်ဘူး ဟွန့်...
ဆိုပြီး နှုတ်ခမ်းလေးအားဆူထော်ကာ ပြောနေသည်မှာ Jungkook ရင်ဘက်လေးအား လာထိုးမိနေသည်အထိ...

Jk-ဟားးဟားး မဟုတ်ရပါဘူးဗျာ...တစ်ကယ်တော့ ကျွန်တော်က အလုပ်တွေကို မြန်မြန်ပြီးအောင် လုပ်နေလို့ပါ...နားချိန်ဆိုတာမရှိသလောက်ပဲ...ညတွေတောင်အလုပ်လုပ်နေရတာ...

ထိုသို့ပြောလိုက်တော့ ရင်ခွင်ထဲမှ ထွက်ကာ သူ့ပါးနှစ်ဖက်အား လက်ကောက်ကောက်လေးဖြင့် ထိန်းကိုင်လာပြီး...မျက်နှာ တစ်ခုလုံးကို စိုးရိမ်စိတ်တေဖြင့် လိုက်ကြည့်နေပါသော လူသားလေး...

Jin-ဟုတ်သားပဲ...ပိန်သွားတယ်နော်...ပင်ပန်းနေမှာပဲ...အီးးးးဟီးးးး..
ရုတ်တရက်ထငိုလိုက်သော jin ကြောင့် jk မှာ ပြာသွားကာ...

ချစ်ခြင်းသီတဲ့အမုန်းWhere stories live. Discover now