အခန်း (၂)/ ခ

218 52 0
                                    

အနှိုင်းမဲ့ လှပသော အမျိုးသမီး (၂)

ခုနကလေးတင် အိပ်ရာပေါ် လဲကျသွားဟန်ဆောင်ရင်းနှင့် ဆန်းယွမ်ယွမ်သည် ကျောက်စိမ်းခြူလုံး တစ်လုံးကို ဆွဲချလိုက်နိုင်ခဲ့သည်။ ကျောက်စိမ်းခြူလုံး နှစ်ခြမ်းကွဲသွားပြီး အစိမ်းရောင်အလင်းတောက်လာသည်ကိုလည်း တွေ့ခဲ့ရ၏။

သူမ မျှော်လင့်မိသည်က. . . . . ဟန်ရှောက်လင်းတစ်ယောက် ခါးပတ်ကို အဝေးကြီး ပစ်မထားမိပါစေနှင့်ဟုသာ. . .

သူတို့နှစ်ဦးက အဝတ်အစားများကို ခန်းဆောင်ဝမှာကတည်းက စချွတ်လာပြီး ကုတင်ရောက်သည်အထိ ဟိုတစ်စ သည်တစ်စ ချွတ်ထားခဲ့လျှင်တော့. . . မကောင်း။

အမျိုးသမီးကြီး၏ အလျံတငြီးငြီးတောက်နေသော လက်သည်းများကို ရှောင်ရင်း ဆန်းယွမ်ယွမ်တစ်ယောက် ကစဉ့်ကလျား လှုပ်ရှား ရုန်းကန်နေမိတော့လေသည်။

သိပ်မကြာခင် ခဏတွင်းချင်းမှာပဲ သူမ ချောင်ပိတ်ခံလိုက်ရသည်။ မျှော်လင့်ချက် မဲ့သွားလေပြီ။

မီးလျံမှ ရောင်ပြန်တငြီးငြီး ထွက်လာလေသော အလင်းရောင်က သူမ ပါးကို ​လာဟပ်လေသည်။ အနည်းငယ် ပူရှိန်းရှိန်းပါ ခံစားလိုက်ရ၏။

ထိုကဲ့သို့ လွန်စွာ အရေးကြီးနေသော အခြေအနေမှာပင်၊ မိုးနှင့် မြေကို တုန်ခါဟီးစေလောက်သော အသံကျယ်ကြီးအား သူမ ကြားလိုက်ရပြီး လေးလံသိပ်သည်းစွာ အလှဆင်ထားသော ကြေးတံခါးကြီးကို အပြင်မှ တစ်စုံတစ်ယောက်က တွန်းကန် ဖွင့်လာတော့သည်။

နက်မှောင်သော အဝတ်အစားများနှင့် ယောက်ျားတစ်ယောက် နန်းဆောင်ခန်း အဝ၌ ပေါ်လာသည်။ ရှည်လျားသော သူ့အရိပ်က ခန်းမအတွင်း ဆန့်တန်းကာ ကျလာ၏။ အခန်းတစ်ခုလုံးအတွင်း မမြင်နိုင်သော ဖိအားတစ်မျိုး ပြည့်နှက်ပြန့်နှံ့လာသည်။ အခန်းတွင်း ရှိနေသူများ၏ ခြေလက်များအား ပျော့ခွေသွားစေပြီး မရှူမကယ်နိုင် ဖြစ်သွားစေတော့၏။

သူသည် အရပ်မြင့်မြင့် မားမတ်သော ခန္ဓာကိုယ်နှင့် ဖြစ်သည်။ နက်မှောင်သော ဆံပင်ရှည်တို့က သူ့ကျောပေါ် ပြေလျော့ကျလျက်ရှိ၏။ သူ ကြမ်းပြင်ပေါ် မူးမေ့လဲကျနေသော အပျိုတော်များအား အမှတ်တမဲ့ဟန်ဖြင့် လှမ်းကြည့်လိုက်ပြီးသောအခါတွင် သူ၏ အရှိန်အဝါ အငွေ့အသက်တို့က မူလကထက် ပို၍ အေးစက်သွားတော့လေသည်။

အသည်းအသက်မကWhere stories live. Discover now