အခန်း (၁)/ ခ

298 47 3
                                    

အသက်တိုသော လရိပ်ဖြူ (၂)

ဝတ္ထုစာအုပ်ထဲမှာတော့ ဆန်းယွမ်ယွမ် သေဆုံးပြီးသည့်နောက်ပိုင်း၊ အမှန်တကယ်ပင် ဇာတ်လိုက်မင်းသားသည် ဇာတ်လိုက်မ မုန်းဝူရိုးကို တော်တော်နှင့် မထိနိုင်ခဲ့ပေ။ သို့သော် လူတို့၏ အလိုဆန္ဒအတိုင်း နတ်တို့က မဖြည့်ဆည်းပေးတတ်သည့်သဘောရှိရာ၊ ဒုတိယဇာတ်လိုက်မင်းသမီးက မည်မျှပင် ​မြောင်းတူးစေကာမူ ဇာတ်လိုက်မအတွက် မူလဇာတ်ကြောင်းက ဖန်တီးပေးထားသော ခွေးသွေးနှင့် ရွှေလက်ချောင်းများကို အလျင် မမီနိုင်ပေသည်။
[T/n: ခွေးသွေးဆိုတာက ဒရာမာဆန်ဆန် မယုံချင်စရာကောင်းလောက်အောင် တိုက်ဆိုင်ပြီး ဇာတ်နာနေတာ/ ဒရာမာတွေထဲ ခဏခဏ ပါတတ်ပြီး အပြင်မှာ မဖြစ်နိုင်လောက်တဲ့ ဟာမျိုး၊ ရွှေလက်ချောင်းက ဇာတ်လိုက်တွေ သူများထက် တစ်ပန်းသာအောင်လို့ ရတဲ့ အထူး အခွင့်အရေး]

"မဟုတ်ဘူး" ဆန်းယွမ်ယွမ် နွမ်းလျအားလျော့စွာ ပြောလိုက်သည်။ "အဓိကကျတာကို နင် မမြင်နိုင်ဘူး၊ ပြဿနာကို အရင်းကနေ နုတ်ပစ်ဖို့လိုတာပေါ့"

ရိုးရင်ယွဲ့ မျက်လုံးများ မှေးစင်းလိုက်တော့သည်။

သူမ အနောက်တွင်ရှိနေသော အထိန်းတော်မိန်းမကြီးကလည်း ထိုတွင် ပြောလာ၏။ "ကိုယ်လုပ်တော်သခင်မ၊ အဆိပ်က အဆင်သင့်ဖြင့်ပါပြီး၊ သူ့ကို သေလမ်းပို့လိုက်လို့ ရပြီ"
 
ဆန်းယွမ်ယွမ်တစ်ယောက် ရုတ်ခြည်းဆိုသလို နှလုံးသားနေရာက တစ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"သေ"ဟူသော စကားလုံးကို ကြားရပါလျှင် မည်သူမဆို ထိတ်လန့် တုန်လှုပ်ကြမည်မှာ မလွဲ။ အထူးသဖြင့် တစ်ခါ သေဖူးသူတို့မှာ သေခြင်းနှင့် ရှင်ခြင်းအကြားက ကြောက်ခမန်းလိလိ ကွာခြားချက်ကို နားလည်နေခြင်းကြောင့်ပင်။

ရိုးရင်ယွဲ့က အဆိပ်ကို လက်လွှဲယူလိုက်ပြီး အပြုံးကို ပယ်လိုက်ကာ ပြောလာသည်။ "နင် ငါ့ကို တောင်းပန်ကြည့်လေ၊ နင် စကားတစ်ခွန်းပြောဖို့ ခွင့်ပြုလိုက်မယ်၊ ငါ ကျေနပ်လောက်တဲ့ စကားဆို နင့်ကို ချမ်းသာပေးတာပေါ့"

သူမ မျက်ဝန်းများက ညိုမှောင်ကာ တည်ငြိမ်နေသည်။ သူမ၏ နှုတ်ခမ်းထောင့်များမှာက လှောင်ပြုံးတို့ အပြည့်။

အသည်းအသက်မကDonde viven las historias. Descúbrelo ahora