......''ဟဲ့ ကောင်မလေး jj အိပ်ပျော်နေရသလား အဆောင်ကဖုန်းလာတော့မယ်ထင်တယ် ၁၀နာရီတောင်ခွဲပြီ ''.
"အန်း .. မအိပ်ပျော်ပါဘူး အမေကြီးရဲ့ မျက်လုံးလေးခဏမှိတ်တာပါ"
အိမ်ရှေ့ခန်းထဲက မေကြီး၏အော်သံကြောင့် အိပ်ချင်နေသော မျက်လုံးအစုံတို့ ပြန်လည် နိုးကြားလာကြသည်။
ငယ်ငယ်တုန်းကဖေရီးမေရီး တို့နဲ့
အိပ်ပေမဲ့ အခုတော့ ကိုယ့်အနောက်ခန်းလေးထဲမှာ ရင်တထိတ်ထိတ်နဲ့ အောင်စာရင်းကို မျှော်နေမိတယ်
(ကိုယ်တို့အညာမှာတော့အဘိုးနဲ့ အဘွားကို အဖေကြီးအမေကြီးလို့ခေါ်ကြတယ်)📱it's not until you fall that you fly!...
"ဟလို အော်ဟုတ်ဆရာမ ဟုတ်ဟုတ် အော်သူအများဆုံးပေါ့ ဟုတ်ကဲ့ဆရာမ"
"ဘာတဲ့တုန်းဟငါ့မြေး အဆာင်ကလား
ဟုတ်ဖေရီး အဝှါတဲ့ သုံးဘာသာတည်းတဲ့""ဟာဘာတဲ့တုန်း မခင်လှိုင် ညည့်မြေးအသံမကြားရဘူး"
နားအနည်းငယ် လေးနေတဲ့ ဖေကြီးကတော့ အသံကုန်ဟစ်လို့ မေးနေပါပြီ။
ထုံးစံအတိုင်း မေကြီးက အော်ပြီလေ။"တော်ကလည်း ဟောဒီလိုသုံးခုတဲ့၊သုံးခုတဲ့တော့ "
မေကြီးကပြုံးပြီးလက်သုံးချောင်းထောင်ပြတော့မှ ဖေကြီးနားလည်သွားတယ် ။
''ဟာမိုက်သကိုးဟေ့ငါမြေးက''.
.''ဒါတောင် တော့်မြေးကမျက်နှာသိပ်မလန်းဘူး ကိုအေးကျော်ရေ''
''ဟမ်ဘာပြောတာတုန်း ဒီနားကပ်ပြောစမ်းပါ ''
'' ဘာမှမဟုတ်တော့ဘူးတော်"
''ညည်းကလည်း ငါကသိချင်လို့ပါဟ''
အမေကြီးရဲ့ အော်ဟစ် ပြောဆိုသံနှင့် ဖေကြီး၏ ရယ်သံတို့က ကျယ်လောင်ပျော်ရွှင်စွာ ...
ကိုယ်ဆယ်တန်းစာမေးပွဲအောင်ပြီ။
မြင်းခြံမြို့ပေါ်က နာမည်
အတော်အတန်ကြီးတဲ့အဆောင်မှာ ၉တန်း၁၀တန်း ၂နှစ်နေခဲ့ရတာလေ ။တောမြို့လေးက
အဆောင်ဆိုပေမဲ့ ကိုယ်တို့အဆောင်က သူ့စံနှုန်းနဲ့သူတော့
အောင်ချက်ကောင်းတယ် ။