ရန်ကုန်သွားရတော့မည့်နေ့.
ညနေ၄နာရီကားကို ကလေးတွေအားလုံးအတွက်
ဘုန်းဘုန်းညီ သူကြီး(ဥက္ကဌ) က
လတ်မှတ်
မှာပေးပြီးထားပြီ။မိန်းကလေးငါးယောက် ယောက်ျားလေး ၆ယောက် လိုက်ပို့မဲ့လူကြီးတစ်ယောက် စုစုပေါင်း ၁၂ယောက်။
"သမီး ဟိုကျ ရှက်ပြာရှက်ပြာမနေနဲ့နော်။ ဘုန်းကြီးကျောင်းဆိုတော့ သိမ်သိမ်မွေ့မွေ့နေ။ ဘုန်းဘုန်းတွေစကားလည်းနားထောင်၊ မေကြီးတို့ဆီလည်းဖုန်းဆက်ဦး၊ နော်.........."
မေကြီးကို ခေါင်းတွင်တွင်ငြိမ့်ပြရင်း
" အင်းပါအင်းပါ..ဟုတ်ကဲ့ပါ ဟုတ်ပါပြီ"
မေကြီးက ပါးစပ်က တတွတ်တွတ် အမှာစကားပြောရင်းနဲ့ အထုတ်ပြင်ပေးနေတယ်။
"မေရီးရယ် စိတ်ချပါ သမီးကမေရီးတို့ထင်တာထက် အနေအေးပါတယ် ဟိဟိ"
"အေး ယောက်ျားလေးတွေနဲ့လဲ ကင်းကင်းနေ ငလင်းကို
စောင့်ကြည့်ခိုင်းထားမှာနော် ဟင်းဟင်း""မေရီးရေ တစ်ချိန်လုံး မှာနေတာကို တော်ပါတော့ဗျာ
သမီးအကုန်မှတ်မိပါတယ်။ အခု၃နာရီခွဲနေပြီ
ငလင်းလာခေါ်ရင်သွားတော့မယ် ဖေရီးနဲ့မေရီးကို ကန်တော့ဦးမယ်"ဖေကြီးနဲ့ မေကြီးကို လက်စုံမိုး၍ ရှိခိုးလိုက်သည်။
"ငါ့မြေး ဘေးမသီရန်မခံပါစေနဲ့"
.........."ဂျေဂျေယု ရေ သွားစို့ လူစုနေပြီ"
"လာပြီငလင်းရေ..ဖေရီး၊မေရီး သမီးသွားပြီ "
မေရီးကတော့ ငလင်းကိုလည်း လမ်းမှာဂရုစိုက်ဖို့ အော်မှာနေလေရဲ့ ......
ဂျင်းဘောင်းဘီ ၊hodieကိုဝတ်၊ shoeစီး ၊ ကျောပိုးအိတ်ကိုတစောင်းလွယ်လို့ ရှိုးအပြည့် နဲ့ ခြံပေါက်ဝမှာ စာင့်နေတဲ့
ကိုယ်တော်ချော ငလင်း ။"ဂျေယုရယ် အိတ်တွေကအများကြီး၊ နေရမှာက တစ်လထဲ"
"မသိဘူး မေရီးထည့်ပေးလိုက်တာ ၊ဟိုကျလိုနေမှာစိုးလို့တဲ့"
ငလင်း ပြောလည်း ပြောစရာပဲ ။ လူစုရာအရပ်ဖြစ်တဲ့
သူကြီးအိမ်လည်းရောက်ရော ကြည့်လိုက်တော့ တခြားသူတွေကအိတ်တစ်လုံးနှစ်လုံးစီတင်
ကိုယ့်မှာတော့ လက်နှစ်ဖက်နဲ့တင်မနိုင်လို့ ကျောပိုးအိတ်ရှေ့တစ်လုံး နောက်တစ်လုံးနဲ့ရယ် ။ငယ်ငယ်ထဲက ဂျပုမလို့
စနေကြ ဖြိုးဝေအောင်ကတော့ အထုတ်တွေအများကြီးနဲ့
က်ိုယ့်ကို လှောင်ရယ်နေလေတယ်။
သေနာလေး များများရယ်ထားနှင့်ဦး။နောက်ဆုံးတော့HIGH WAY HINOကားကြီးပေါ်ရောက်လာပြီ ။ အဲကွန်းအနံ့ကလည်းနံတာလွန်ပါရော ။ ခရီးသွားရတာကြိုက်တဲ့ကိုယ်နဲ့ ကားအနံ့မခံနိုင်တာနဲ့တော့တွေ့ပြီ။
ကိုယ့်လူတွေချည်း ခုံအတူတူထိုင်ရလို့ တော်ပါသေးရဲ့။
က်ိုယ့်ဘေးက ခိုင်ဝေ၊ ရှေ့ခုံက
ဝေလွင်ဦးနဲ့ စန္ဒာ
ဘေးခုံမှာကဖြိုးကေခင်နဲ့သူ့အကို
နေဝင်းထွန်း။
ကျန်တဲ့လူတွေက အနောက်နားကခုံတွေမှာဖြစ်မယ်။"အပြင်ဘက်မမြင်ရလည်းဖြစ်တယ် ညရောက်တော့မှာပဲ''.
ခိုင်ဝေရဲ့ စကားကြောင့် ပျော်သွားရပြီ။
.''ဒါဆို ငါထိုင်လိုက်မယ်နော် ခိုင်ဝေ''
"အေးအေး ထိုင်လေ"
ခိုင်ဝေ့ ကျေးဇူးနဲ့ ပြတင်းဘေးမှာထိုင်၊ နားကျပ်လေးတပ် အကြိုက်ဆုံး playlist ဖွင့် ၊ မျက်လုံးလေးမှိတ်
မေရီးတိုက်လိုက်တဲ့ ကားမူးပျောက်ဆေး အစွမ်းကြောင့်
ကိုယ်ဟာ အပျံသင်ခါစ ငှက်ကလေးလို မြူးတူးတက်ကြွ...ဝင်လုခါနီး နေမင်းရဲ့ ဆွေးမြေ့မြေ့တောင်ပံတို့က ရွှေဝါရောင် စပါးခင်းတို့မှာဖြန့်ကျက်လို့....
တစ်စတစ်စနဲ့ အမှောင်က ထိုတောင်ပံတို့ကိုသိမ်းပိုက်....
ဝမ်းနည်းတဲ့လူသားက ကိုယ် ....
နေဝင်ချိန်ဟာ အသဲကွဲချိန်များလား ....
ရည်းစားမထားဘူးတဲ့ ကိုယ့်မှာ ' နေညိုရင်'သီချင်း
နားထောင်ရင်း နေဝင်ချိန်ကို ငေးပြီး အသဲကွဲနေပြီ..ကားထဲကမီးရောင်စုံလေးတွေလင်းလာပြီ ။ လမ်းတစ်လျှောက်ဖွင့်လာတဲ့ဇာတ်ကားလဲပြီးသွားပြီ။ ခိုင်ဝေတောင် အိပ်ငိုက်နေပြီပဲ။
ဖေကြီးနဲ့မေကြီးကို စိတ်ထဲက ထပ် ကန်တော့လိုက်တယ်။
မနက်လင်းလာရင် မျက်လုံးကိုအနားမပေးတမ်း
လျှောက်ကြည့်ချင်တာမို့ အိပ်ချိန်တန်ပြီလေ....