3 _ uni

94 2 2
                                    

" ဂျေဂျေ ! ဂျေရေ "

ခိုင်ဝေ့အသံကြောင့် မျက်လုံးကို အတင်းဖွင့်ယူရတော့သည်။ကားက ရပ်နေပြီပဲ။

"ဟင် ရောက်ပြီလား"

"မရောက်သေးဘူးဟ ရှုးပေါက် အိမ်သာ ဘာညာသွားရအောင်"

"အေးအေး"

ညမှာမို့ အပြင်မှာ မှောင်နေမယ် ထင်ထားတာ ။ ယာဉ်ရပ်နားစခန်းဆိုပဲ ။
ထမင်းဆိုင်ကြီးတွေက ထိန်ထိန်လင်းလို့။

"ကဲ တစ်ခုခု စားကြရအောင် ကလေးတွေ "

တစ်ဦးတည်းသော လူကြီးဖြစ်သည့် ဦးအောင်မောင်းကြီးက ဆိုင်တွင်းသို့ဦးဆောင် ၀င်သွားသည်။

ခုလိုညစာဖြင့် တို့ရွာမှာ မစားပါဘူးဟယ် ။ ဘယ်နှယ့် ညသန်းခေါင်မှာ ထမင်းစားရမယ်လို့ ။

Cola တစ်ဗူးကို စိမ်ပြေ နှစ်ပြေသောက်ကာ လူများကို လိုက်ကြည့်နေလိုက်သည်။

အဲ အဲ့တာက ဝါသနာပဲဗျ။ လူတွေရဲ့ မျက်နှာ ဘယ်လိုရှိသလဲ ။ ဘယ်လို တွေ ပြောနေကြသလဲ ။ သိပ်မသိချင်ပေမဲ့
အမြဲ လိုက်ကြည့်ဖြစ်တယ် ။ ဒါပေမဲ့ စိုက်တော့ မကြည့်ရဲဘူးပေါ့။
တော်နေကြာမှ ဘာကောင်လဲကွ ဆိုပြီး
အထိုးခံနေရမှ ဂျေဂျေယုတို့ ဘဲတောင် မထားလိုက်ရပဲ မျက်နှာလှလှ လေး ပျက်စီးရချေရဲ့။

ပိုက်ကို သွားဖြင့် ကိုက်၍ အနားမနေ လျှောက်ကြည့်နေသော
ဂျေဂျေယု ၏ မျက်လုံးတို့သည်
တစ်နေရာအရောက်၌ တိခနဲ ရပ်သွားလေသည်။

မြင်ကွင်းထဲ၌ လူအများကြား ‌ရယ်မောကာ စကားများပြောနေသော ချောမောသည့် လူရွယ်တစ်ယောက်။

အယ် ဟိုအကိုပဲ...

အကိုဆိုတာက သိပ်ကိုချောတဲ့ အကိုပေါ့ဗျာ။ သူကတော့ မမှတ်လောက်ပေမဲ့ ကိုယ်ကတော့ သိပ်ချောလွန်းတဲ့ သူ့ကို သိပ်မှတ်မိတာပေါ့။

နှုတ်ဆက်ဖို့လား...

ဟင့်အင်း ။ ကိုယ်က စိတ်ထဲကသာ
အရွ..အပြင်မှာကျ သိပ်ကို စကားနည်းတဲ့ သူလေ ..

ကြည့်ပါဦး ဟိုအရင်ကအတိုင်း ချောနေတုန်းပါပဲလား။

အဲ့တုန်းက ကိုယ်က ရှစ်တန်းကျောင်းသူ။

You've reached the end of published parts.

⏰ Last updated: Oct 31, 2021 ⏰

Add this story to your Library to get notified about new parts!

အချစ်ဆီသို့Where stories live. Discover now