......''ဟဲ့ ကောင်မလေး jj အိပ်ပျော်နေရသလား အဆောင်ကဖုန်းလာတော့မယ်ထင်တယ် ၁၀နာရီတောင်ခွဲပြီ ''.
"အန်း .. မအိပ်ပျော်ပါဘူး အမေကြီးရဲ့ မျက်လုံးလေးခဏမှိတ်တာပါ"
ီ
ကိုယ်ကငယ်ငယ်တည်းကဖေရီးမေရီးတို့်နဲ့အိပ်တာ (ကိုယ်တို့အညာမှာတော့အဘိုးနဲ့ အဘွားကို အဖေကြီးအမေကြီးလို့ခေါ်ကြတယ်)
📱it's not until you fall that you fly!...
"ဟလို အော်ဟုတ်ဆရာမ ဟုတ်ဟုတ် အော်သူအများဆုံးပေါ့ ဟုတ်ကဲ့ဆရာမ"
"ဘာတဲ့တုန်းဟငါ့မြေး အဆာင်ကလား
ဟုတ်ဖေရီး အဝှါတဲ့ သုံးဘာသာတည်းတဲ့
ဟာဘာတဲ့တုန်း မခင်လှိုင် ညိ့မြေးအသံမကြားရဘူး
တော်ကလည်း ဟောဒီလိုသုံးခုတဲ့၊သုံးခုတဲ့တော့ "
မေရီးကပြုံးပြီးလက်သုံးချောင်းထောင်ပြတော့မှ ဖေရီးကနားလည်တယ်
''ဟာမိုက်သကိုးဟေ့ငါမြေးက''..''ဒါတောင်တော့်မြေးကမျက်နှာသိပ်မလန်းဘူး ကိုအေးကျော်ရေ'' ..''ဟမ်ဘာပြောတာတုန်း ဒီနားကပ်ပြောစမ်းပါ '' ....'' ဘာမှမဟုတ်တော့ဘူးတော်" ''ညည်းကလည်း ငါကသိချင်လို့ပါဟ''..............
ကိုယ်ဆယ်တန်းစာမေးပွဲအောင်ပြီ။
မြင်းခြံမြို့ပေါ်က နာမည်အတော်အတန်ကြီးတဲ့အဆောင်မှာ ၉တန်း၁၀တန်း ၂နှစ်နေခဲ့ရတာလေ ။ တောမြို့လေးက
အဆောင်ဆိုပေမဲ့ ကိုယ်တို့အဆောင်က သူ့စံနှုန်းနဲ့သူတော့
အောင်ချက်ကောင်းတယ် ။
ခုလောက်ဆိုကိုယ်တို့ခြံနဲ့ကပ်ရပ် ငလင်းတို့တိုက်ကြီးထဲမှာလဲညံနေရောပေါ့
"သား အောင်တယ်တဲ့လား "
"ဟုတ်အမေ"
"ဂုဏ်ထူးရောပါလား ဂျေဂျေရော အောင်လား"
"သူက၃ခု သားက၄ခု "
" ဒါမှဒို့သားကွ"
"တိုးတိုးပြောပါအမေရာ ညသန်းခေါင်ကြီးကို"
"အေးပါဟဲ့ အမလေး ....ငါ့သားကလည်း သူများတွေကိုဂရုစိုက်နေသေး"...ဂုဏ်ထူးကမှန်းတာ၎ခု ပါတော့သုံးခု။ အလွန်အကျွံ အိပ်ငိုက်ခဲ့ခြင်းရဲ့ ရလဒ်ပေါ့။ ဖေရီးနဲ့မေရီးတို့ကအသက်ကြီးပြီလေ ။ ကိုယ့်ကျောင်းစာရိတ်ကို နှစ်ခါအကုန်မခံနိုင်ဘူး ဆိုတဲ့စိတ်နဲ့ ဆယ်တန်းကို ဖြတ်ကျော်ခဲ့ရတာ။ ကုန်စုံဆိုင်လေးရယ်
မေရီးစက်ချုပ်တာလေးရယ်ပဲ ဝင်ငွေရှိတာမလား။
ဒါတောင်မေရီးက အိမ်ထောင်ကျစောခဲ့လို့ တခြား
အမေကြီးတွေထက်ငယ်နေတာ ဖေရီးကတော့မေရီးထက်အသက်ကြီးလို့ ဘာမှသိပ်မလုပ်နိုင်တော့ဘူး
အရင်တုန်းက အဖေရီးက ဆေးကုန်သည်(ဆေးရွက်ကြီး)
လုပ်လို့ မြတ်ထားတွေကြောင့် မကြောင့်မကြ နေနိုင်ခဲ့တာ ..
လင်းကျော်စွာတို့လောက် မချမ်းသာပေမဲ့လည်း
ဒီတိုက်ပုလေးထဲမှာ ဖေရီးမေရီးကျေးဇူးကြောင့် ကိုယ်ဟာအမြဲစိတ်ချမ်းသာခဲ့ရတယ်.......................................