"ဟဲ့ ငလင်း ရန်ကုန်လိုက်မှာမလား"
"အင်း နင်ရော"
"လိုက်မှာပေါ့ဟ အစက ငါ့ ဖေရီးက မသွားစေချင်ဘူး
ခုတော့ မေရီးပါကူပြောပေးလို့ "
"ဖြီးနေတာပဲနော် ဂျေယု ဆိုင်မစောင့်ရဘူးလား..
ငါတောင် ခြံထဲသွားမလို့ ပျင်းရင် လိုက်ခဲ့မလား"
"လိုက်စရာလား ရန်ကုန် မသွားခင် အသားမဲကုန်မှာပေါ့
ဟဲဟဲ ပြန်ပြီနော်"
ကိုယ့်ပုံစံက ပျော်လွန်းလို့ လမ်းလျှောက်တာတောင် မြေကြီးမထိလောက်ဘူး မြှောက်ကြွမြှောက်ကြွနဲ့ဖြစ်နေမှာ..
ငလင်းတို့အိမ်နဲ့က ခြံစည်းရိုးကြဲကြဲတွေကြားကနေ လွှားခနဲ
အလည်သွားလိုက်လို့ရတယ်
ကိုယ်တို့ရွာမှာ ဘုန်းဘုန်းဦးဥဇ္ဇောတ ဆိုတာရှိတယ်
ဘွဲ့တွေအောင်ပြီး စင်္ကာပူမှာသာသနာပြုတယ်
ပြန်လာတော့ ရွာကစာသင်ကျောင်းကိုအဆင့်မြင့်မြင့်ဆောက်ပေး၊ ရွာကိုကူညီပေး တယ်
တစ်ခါတစ်ခါကျတော့ နိုင်ငံခြားကအလှူရှင်တွေပါ ပါလာလေ့ရှိတယ်
အဲ့ဘုန်းဘုန်းက ရန်ကုန်မှာ ဘုန်းကြီးကျောင်းအကြီးကြီးဆောက်ပြီး အနီးနားက ကျူရှင်မနေနိုင်တဲ့ကလေးတွေအတွက် ဆရာခေါ်ပြီး သင်ပေးနေတယ်တဲ့
ရွာက ဆယ်တန်းအောင်တဲ့ကလေးတွေကိုလည်း
တက္ကသိုလ်မတက်ခင် သင်တန်းလာတက်ခိုင်းတယ်
ကိုယ်တို့ ရှေ့က အကြီးတွေလည်း သွားတာမြင်ဖူးထားပြီ
သူငယ်ချင်းတွေနဲ့တူတူ နေရမှာဆိုတော့ ပျော်စရာကြီးနေမှာ....
ရန်ကုန်မှာက ကောင်လေးချောချောလေးတွေလည်း
အများကြီးရှိချင်ရှိမှာ.......
အဟိ
ရန်ကုန်ရေ တွေ့ချင်လှပြီကွာ