Episode 2

12 1 0
                                    

နွေဦးတို့ သုံးယောက် ပထမနှစ်အဆောင်ရဲ့ ကော်ရစ်ဒါ တစ်လျှောက် လျှောက်လာစဥ် မျက်နှာချင်းဆိုင်မှ သူတို့နဲ့အပြိုင် လျှောက်လာတဲ့ တစ်စုံတစ်ဦးအား အမှတ်မထင်ကြည့်လိုက်မိသည်။ အတိအကျပြောရရင် စာအုပ်တွေအား မနိုင်မနင်းမကာ သူ နဲ့ မျက်နှာချင်းဆိုင်မှ လျှောက်လာနေသော ကောင်လေးတစ်ယောက်။ နွေဦး ကြည့်နေရင်းမှာပင် ထိုကောင်လေးက ဟန်ချက်ပျက်ကာ လက်ထဲကကိုင်ထားတဲ့ စာအုပ်တွေ အကုန် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။ နွေဦး ချက်ချင်းပင် ထိုပြုတ်ကျပြန့်ကျဲကုန်သော စာအုပ်များအား အပြေးသွားကာ ကောက်ပေးလိုက်သည်။

"စာအုပ်တွေက အများကြီးပဲကို တစ်ယောက်တည်း ဘယ်လိုလုပ် သယ်နိုင်...... "

နွေဦး ဒူးတစ်ဖက်ထောက်လျက် ပြန့်ကျဲနေသော စာအုပ်များအား ကောက်ပေးနေစဥ် ပါးစပ်ကလည်း တတွတ်တွတ်ပြောနေရင်း အမှတ်မထင် မော့ကြည့်လိုက်မိချိန် နွေဦး ရဲ့ ကမ္ဘာကြီး ရပ်တန့်သွားခဲ့သည်။

ထိုကောင်လေးကတော့ မတ်တပ်ရပ်လျက်ပင် နွေဦးအား မှင်သေသေနှင့် ငေးကြည့်နေသည်။ နွေဦး တစ်ယောက် ထိုလူသားနဲ့ အကြည့်ချင်းဆုံချိန် မေ့ဆေးမိနေသလို ဘာစကားမှဆက်မပြောနိုင်ပဲ ကြည့်နေမိသည်။အခု သူ့ မျက်စိရှေ့မှာ မြင်နေရတာ လူရော ဟုတ်ရဲ့လား။ ဝင်းဖန့်တဲ့ အသားအရည်နဲ့အတူ ပုံမှန်မြင်နေကျ မဟုတ်တဲ့ အညိုရောင် မျက်ဝန်းတစ်စုံက သူ့အား အကြည့်မလွှဲနိုင်အောင်ပင် ဖြစ်စေသည်။ ဆံပင်အား အလယ်လိုင်းပေါ်အောင် ဖော်ထားကာ သေသပ်စွာ ဖီးသင်ထားတဲ့ ထိုလူသားက သူ့မျက်စိထဲ တစ်မျိုးကြည့်ကောင်းနေသည်။ မေးရိုး သွယ်သွယ်နဲ့ ဖြောင့်စင်းနေတဲ့ နှာတံအောက်တွင်တော့ ခပ်တင်းတင်း စေ့ထားတဲ့ ပန်းနုရောင် နှုတ်ခမ်းပါး တစ်စုံက နွေဦးအား အလိုလိုနေရင်းပင် အောင်ခေါင်တွေ ခြောက်လာစေသည်။ ခြုံငုံပြောရပါလျှင် ထိုလူသားထံတွင် နူးညံ့မှုနဲ့အတူ တည်ကြည်သောဟန်ပန်ကိုပါ ယှဉ်တွဲလျက် တွေ့ရသည်။

"ဟျောင့်...."

နွေဦး ဘယ်လောက်ကြာအောင် ငေးနေမိသည် မသိ နောက်ကနေ ခန့်သူ၏ ခပ်ကြိတ်ကြိတ် ခေါ်သံကြားမှ သတိပြန်ဝင်ကာ လက်ထဲက စာအုပ်တွေကို ထိုလူသားဆီ ထိုးပေးမိသည်။

Dear,Caesar ( Hiatus )Where stories live. Discover now