Episode 13

4 0 0
                                    

ဆီဇာ စာအိတ်လေးအား ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး
စာသင်ခန်းထဲမှာ ထိုင်နေရင်းသာ ဂိမ်းထိုင်ဆော့နေလိုက်သည်။

"ဒီနေ့ အစောကြီး ရောက်နေပါလား "

အသံလာရာဆီ အကြည့်ပို့မိတော့ ထင်စည်က သူ့ကို ပြုံးကာ ကြည့်လျက် ဘေးနားဝင်ထိုင်လာသည်။ ဆီဇာ ခေါင်းငြိမ့်ပြလိုက်ပြီး

"အင်း...အစောနိုးနေတာနဲ့ ထွက်လာလိုက်တာ"

"ဒီလိုမှန်းသိ အစောလာပါတယ် "

ထင်စည့်ရဲ့ စကားကြောင့် ဆီဇာ ဂိမ်းဆော့နေရင်းမှ အသာစောင်းငဲ့ကြည့်ကာ

"ဘာလို့လဲ "

"ဟင်...မင်း တစ်ယောက်တည်းဆိုတော့ ပျင်းနေမလားလို့လေ "

ထင်စည်ရဲ့ သူ့အပေါ်တွေးပေးတဲ့ စကားကြောင့် ဆီဇာ တစ်ချက်ပြုံးကာ ဖုန်း စက်ခရင်မ်ဆီ အကြည့်ပြန်ပို့ရင်း ဂိမ်းပြန်ဆော့နေလိုက်သည်။ အတန်းစချိန်လည်း တဖြည်းဖြည်းနီးလာပြီဖြစ်သောကြောင့် စာသင်ခန်းထဲတွင် ကျောင်းသားများလည်း တဖြည်းဖြည်းနဲ့ များလာပြီဖြစ်သည်။ ထိုစဥ်

"သြော်... နင်တို့ နှစ်ယောက်က အစောလာပြီးတောင် ဒိတ်နေကြတာကိုး "

လင်းလက်ငွေမှုန်၏ စကားကြောင့် ထင်စည်က မလုံမလဲ
ဖြစ်သွားပေမယ့် ဆီဇာဟိန်းထည် ဆိုသော လူသားကတော့ ဂိမ်းအဆော့မပျက်။ ထင်စည် လင်းလက်ငွေမှုန်အား သိသွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အမူအယာနဲ့ မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။ လင်းလက် ကတော့
ခပ်ပြုံးပြုံးနှင့်ပင်

" ဟဲ့ ဆီဇာ... နင်က ထင်စည့်ကို ဘေးမှာထားပြီး ဂိမ်းထိုင်ဆော့နေမှတော့... ထင်စည်ပျင်းနေမှာပေါ့ "

"မ... မပျင်းပါဘူး "

ထင်စည်တစ်ယောက် လင်းလက်၏ စကားကြောင့် သူ့ကို ကြည့်လာသော ဆီဇာ အား အမြန်ပင် ပြန်ဖြေလိုက်မိသည်။ ဒီလောက် သတိထားခိုင်းနေတာကို လုံးဝ
အရောက်ပို့နေသော လင်းလက်ငွေမှုန်ကိုလည်း ထင်စည် နုပ်နုပ်စဥ်းပစ်ချင်လာသည်။ အခုချိန်မှာ သိလို့မဖြစ်သေးဘူးလို့ သူကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ပါလား။
ထင်စည် လင်းလက်ငွေမှုန်အား ခပ်ကြိတ်ကြိတ်လေသံဖြင့်

Dear,Caesar ( Hiatus )Where stories live. Discover now