Episode 8

5 1 0
                                    

နွေဦး တစ်ယောက် ဒီနေ့ကျောင်းပိတ်ရက်မို့ မနက်စာ စားပြီးတော့ ဧည့်ခန်းထဲတွင် ထိုင်ကာ facebook သုံးနေသည်။ ချစ်ရသူလေးနဲ့ စကားပြောချင်သော်လည်း
Action now မဖြစ်သောအကောင့်လေးအား ခဏခဏ ဝင်ကြည့်နေမိသည်။ ထိုစဥ် ခြံထဲသို့ ဝင်လာသော ကားသံနှင့်အတူ စောစောစီးစီး ရောက်ချလာသော သကောင့်သားနှစ်ယောက်။

"သာယာနေတယ်ပေါ့လေ "

"ဟာ...စောစောစီးစီးပါလား "

"အေး.. မင်းကို မေးစရာလေးတွေ ရှိလို့ ရောက်လာတာ"

ခန့်သူရိယ ပြောလာသောစကားအား နွေဦးနားမလည်သလိုဖြင့် ကြည့်တော့ ဘုန်းဓနက ခပ်ပြုံးပြုံးဖြင့်

"ဒီကောင့်ကို ငါပြောပြလိုက်တာ "

နွေဦးတစ်ယောက် ဘုန်းဓနအား မျက်မှောင်ကျုံ့ကာ
ကြည့်လိုက်သည်။ ဟုတ်သည်လေ... သူ့ကို ယုံလို့ပြောပြပါတယ်ဆိုနေ...အကုန်လုံးကို လိုက်ပြောနေတော့မလားမသိ။ ခန့်သူ ကိုလည်း အနှေးနဲ့အမြန် ပြောပြမည်ဖြစ်သော်လည်း သူကိုယ်တိုင်သာ ပြောပြချင်မိသည်။

"ဟယ်... သားတို့နှစ်ယောက်ရောက်နေတာလား... Breakfast စားအုံးလေ...အန်တီပြင်ပေးမယ် "

ဒေါ်နီလာသစ်လွင် တစ်ယောက် အပြုံးချိုချိုဖြင့် ခန့်သူ
နှင့် ဓန တို့နှစ်ယောက်အား နှုတ်ဆက်လိုက်သည်။
အိမ်ကို မကြာခဏ လာလည်လေ့ရှိတဲ့ သားရဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ သူတို့လေးတွေကိုလည်း သူမအနေနဲ့ ကိုယ့်သွေးသားလိုပဲ သဘောထားကာ ချစ်သည်လေ။

"ဟာ... နေပါစေ အန်တီ... သားတို့စားခဲ့ပြီးပါပြီ "

ခန့်သူက ပျာပျာသလဲပြန်ဖြေလိုက်တာကြောင့် ဒေါ်နီလာတစ်ယောက် ပြုံးလိုက်ပြီး

"အေးကွယ်... ဒီနေ့ ကျောင်းပိတ်ရက်မလား... သူငယ်ချင်းတစ်တွေ အေးဆေးစကားပြောကြပေါ့... စားချင်တာ ရှိရင် ဒေါ်နှင်းမြ ကို လုပ်ခိုင်းလိုက်နော် "

"ဟုတ်ကဲ့.. ရပါတယ် အန်တီ "

"အေးအေး... သား ဒါဆို မေမေဆိုင် သွားလိုက်အုံးမယ်...သမီးလေး သွားမယ်လေ "

Dear,Caesar ( Hiatus )Where stories live. Discover now