Episode 3

12 1 0
                                    

ရန်ကုန်မြို့ရဲ့ လူကုံတန်တွေ နေထိုင်ရာ အိမ်ရာတစ်ခုအတွင်း ပြိုင်ကား အနီရောင်လေး တစ်စီး ဝင်ရောက်လာသည်။ ပြိုင်ကားလေး၏ ဦးတည်ရာသည်
ကျယ်ပြန့်လှတဲ့ ခြံဝန်းအတွင်း ခေတ်မှီလှပစွာတည်ဆောက်ထားသော သုံးထပ်တိုက်ကြီးတစ်ခုဆီတွင်ဖြစ်သည်။ ခြံကြီးအတွင်းတွင်တော့ အမျိုးသား အမျိုးသမီး ဝန်ထမ်းများက ပန်းပင်ရေလောင်းသူက လောင်း၊ အိမ်ကြီးရှေ့တွင် သန့်ရှင်းရေးလုပ်သူက လုပ်နဲ့ တာဝန်ကိုယ်စီ လုပ်ဆောင်နေကြသည်။ ခြံဝန်းထဲဝင်လာသော ပြိုင်ကားလေးက ပေါ်တီဂိုအောက်တွင် ညင်သာစွာ ရပ်တန့်သွားပြီးနောက် ကားပေါ်မှ ကျောပိုးအိတ်ကို လွယ်ကာ ဆင်းလာသော လူငယ်တစ်ယောက်။ ထိုလူငယ်က အိမ်ကြီးအတွင်းသို့ တန်းမတ်စွာ ဝင်သွားသည်။ ခမ်းနားလှတဲ့ အိမ်ကြီးအတွင်း အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းများစွာက ဝင်လာသူသောအား ခေါင်းငုံ့ကာ အရိုအသေပေးသော်လည်း လူငယ်လေးကတော့ ထိုဝန်ထမ်းအားလုံးကို သူ့အာရုံထဲ ရှိဟန်မပေါ်။ရှိနေသူများကို မသိကျေးကျွန်ပြုကာ အိမ်ထဲ တစ်ချက်ဝေ့ကြည့်ရင်း

"ဘကြီးသိန်းရေ...အန်တီလှ... ဘယ်ရောက်နေကြလဲ "

"လာပါပြီ လူလေး... "

ဆီဇာဟိန်းထည် ရဲ့ ခေါ်သံကြောင့် အပြေးအလွှားရောက်လာသော သူနှစ်ယောက်။ ဘကြီးသိန်း နှင့် အန်တီလှ ဆိုသည်မှာ ဆီဇာ မမွေးခင်ကတည်းက ဒီအိမ်ကြီးမှာ အလုပ်လုပ်ခဲ့ကြသော ဇနီးမောင်နှံ ဖြစ်ပြီး မိသားစု၏ လူယုံတွေဆိုလျှင်လည်း မမှားပေ။ အန်တီလှ နဲ့ ဘကြီးသိန်းက အသက်အနည်းငယ်ကွာပေမယ့် အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံတွေဖြစ်သည်။
ဘကြီးသိန်းစိုး က ဒီအိမ်ကြီးရဲ့ အိမ်တော်ထိန်းတစ်ယောက်ဖြစ်ပြီး အန်တီလှယဥ် ကတော့ ချက်ပြုတ်ရေးပိုင်းကို ဦးစီး တာဝန်ယူရသူ ဖြစ်သည်။ တစ်နည်းပြောရရင် ငယ်စဥ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားခဲ့တဲ့ ဆီဇာ့အတွက် ဘကြီးသိန်း နှင့် အန်တီလှ က မိသားစု အရင်းအချာနှင့်မခြားပေ။ ဆီဇာ သူ့အနားရောက်လာသော ဘကြီးသိန်းနဲ့ အန်တီလှ အား ကြည့်ကာ လေသံခပ်အေးအေးဖြင့် အမေးစကားဆိုသည်။

"ဒယ်ဒီရော... "

"ဟို... အပေါ်ထပ် အခန်းထဲမှာပါ လူလေး "

Dear,Caesar ( Hiatus )Where stories live. Discover now