![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. {Uni code}
Part-24
ဆောင်းတွင်းနံနက်ခင်းရဲ့....ရှုခင်းဆိုလျှင်..တစ်ဖွဲဖွဲကျနေတဲ့နှင်းတွေ...ကလွဲလို့
သာယာဖွယ်ရာကသိပ်မရှိ...အလုပ်စားပွဲပေါ်မှာအကြောင်းအရာတစ်ခုတည်းကိုပဲ... အချိန်တော်တော်ကြာမမောနိုင်ပဲစဉ််းစားနေတဲ့ထယ်ယောင်း...ထယ်ယောင်းတစ်ယောက်အလုပ်ထဲမှာစိတ်ပါဝင်စားမှုမရှိတာ..တစ်ပတ်ခွဲလောက်ရှိပြီ...ကြည့်လိုက်ရင်တစ်မှိုင်မှိုင်တစ်ထွေထွေနဲ့..အမြဲတမ်းစိတ်ဆင်းရဲနေပုံပေါက်နေတာ...အကြောင်းကတော့....ဂျောင်ဂုကြောင့်ပင်...ဂျောင်ဂုကပုံမှန်မဟုပ်တော့တာရက်အနည်းငယ်ကြာပြီ...ဘာတွေများပြောင်းလဲသွားတာလဲဆိုတော့...အရင်ကလိုထယ်ယောင်းအပေါ်နွေးထွေးမှုမရှိတော့သလို...ဂရုစိုက်မှုတွေလဲမတွေ့ရတော့...ညဆိုလဲညဉ့်နက်မှပြန်လာတတ်သည်။ဒါကသူအလုပ်တွေမအားလို့ဖြစ်မှာပါလို့ထယ်ယောင်းဖြည့်တွေးပေးချင်ပေမဲ့...သိသိသာသာကြီးကိုအေးစက်လာတဲ့ဆက်ဆံရေးကြောင့်..ထယ်ယောင်းအတော်လေးစိတ်ထိခိုက်မိနေသည်။'မောင့်အပေါ်..ဘာများအမှားလုပ်မိလို့လဲလို့'ကိုယ့်ကိုယ်ကိုသာအပြစ်တွေဖို့ဖို့ကြိုးစားနေပေမဲ့...စဉ်းစားလေးရှုပ်ထွေးလေဖြစ်လာတာကြောင့်....ဒီနေ့တော့သေချာပေါက်..ထိပ်တိုက်မေးမည်ဟုသာတွေးထားလိုက်သည်။
အရင်လိုမောင့်ဆီကအနမ်းတွေ...အရင်လိုကျွန်တော့်ကိုပြန်ပြီးထွေးပွေ့ထားပေးဖို့...ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တောင်းဆိုမည်။မာနတွေဘာတွေကကိစ္စမရှိပါဘူး...ကျွန်တော်အတွက်တော့မောင်ကသာအရေးကြီးဆုံးပါ..
'ထယ်ယောင်း...သား..'
ခေါ်သံကြားလို့လှည့်ကြည့်မိတော့...ဂျောင်ဂု၏မိဘနှစ်ပါး....ကျွန်တော့်အဖေဆီလာကြတာဖြစ်မည်။

YOU ARE READING
You Belong With ME
RomanceType: TAEKOOK [Completed]✅ {Uni&Zawgyi} _'ငါမင်းကိုချစ်တယ်..မင်းအသိအမှတ်မပြုရင်တောင်..အဲ့တာကအမှန်တရားပဲ...' :-Kim Tae Hyung _ 'ထယ်..ငါမင်းကို သတိထပ်ပေးလိုက်မယ်.. မင်းက Jeon Jungkookဆိုတဲ့ ငါ့အပိုင်ပဲ.. မင်းရဲ့ထွက်သက်ဝင်သက်ကအစ ငါပိုင်တယ် အဲ့တာက ငါသေသ...