You Belong With ME[Part-2]

5.5K 478 40
                                    



{Uni code}

Part-2

ကျွန်တော်နဲ့ဂျောင်ဂုနဲ့က ဂျောင်ဂုအဖေပိုင်တဲ့ကွန်ဒိုမှာအတူတူနေကြတယ်..ကွန်ဒိုကလဲနှစ်ထပ်တောင်ဆိုတော့လိုတာထက်တောင်ပိုကျယ်နေသေး ..သက်တောင့်သက်သာရှိတယ်..
ကျောင်းနဲ့လဲနီးတော့ပိုပြီးအဆင်ပြေတာပေါ့
အစကကျွန်တော့်မိဘတွေစီစဉ်းပေးတဲ့ကွန်ဒိုမှာ နေဖို့လုပ်ပေမဲ့ ..ဂျောင်ဂုကမနေရဘူး..သူနဲ့ပဲနေရမယ်တဲ့လေ..ကျွန်တော့်မိဘတွေကလဲဂျောင်ဂုနဲ့ဆိုစိတ်ချပါတယ်တဲ့..အဲ့ဒါနဲ့ပဲသူနဲ့အတူနေဖြစ်ခဲ့တာ..အခုတော့ကျွန်တော်ကသူ့ရဲ့တောက်တိုမယ်ရလေးကိုဖြစ်လို့ ဒါမဲ့လဲကိုယ်ချစ်တဲ့လူကိုအနီးကပ်ဂရုစိုက်ပေးရတော့ကျွန်တော်ပျော်ပါတယ်။

'Jungkook ထတော့'

သူ့ခုတင်ဘေးမှာထိုင်ပြီးလက်မောင်းကနေ
လှုပ်နိုးလိုက်တော့ တအင်းအင်းနဲ့နိုးလာလေရဲ့။

'ထယ်ရာ ငါးမိနစ်ပဲ'

ကျွန်တော့်ရဲ့လက်ချောင်းတွေပေါ်သူ့ပါးလေး
တင်ကာပြန်အိပ်နေပြန်တယ်..ဒါမထချင်လို့ချွဲပြနေတာ

'ထတော့ ဒီနေ့J-Hopeမွေ့နေ့ ကျောင်းစောစောသွားပြီးဂုဏ်ပြုပေးသင့်တယ်'

'မွေးနေ့လေ မင်္ဂလာဆောင်မှမဟုပ်တာ
ဘာဂုဏ်ပြုစရာလိုလဲ နောက်နှစ်မှပေါင်းပြီး
ဂုဏ်ပြုလိုက်မယ် အခုတော့အိပ်ဦးမယ်'

'ပြီးတာပဲလေ ငါတော့သွားပြီ'

ထမလို့ကြံနေတုန်း ကျွန်တော့ခန္ဓာကိုယ်အစုံဟာ ဂျောင်ဂုရင်ခွဲထဲရောက်နှင့်နေပြီ

'ဟေ့ကောင် လွတ်စမ်း ငါ..မင်းလိုငပျင်း
မဟုပ်ဘူး'

'ငြိမ်ငြိမ်နေ ထယ် ရုံးနေရင် ငါစိတ်တိုမိလိမ့်မယ်'

ထယ်ယောင်းတကယ်ကြောက်ပါသည်။
ဂျောင်ဂုဒေါဒကို သူအသိဆုံးမို့..သူ့ရင်ခွင်ထဲမှာအသက်တောင်ဖွဖွလေးပဲရှုနိုင်တော့တယ်..
သူကတော့ကျွန်တော့်ကိုဖက်ထားပြီး
အေးအေးလူလူပြန်အိပ်နေလေရဲ့

_________________

'အဲ့ကောင်တွေ ဘာလို့အဲ့လောက်ကြာနေလဲမသိဘူး'

'ထိုင်နေစမ်း Jimin အချိန်တန်ရင်လာမှာပေါ့
မွေးနေ့ရှင်က ငါပါကွ မင်းကဘာတွေဖြစ်
ပျက်နေတာလဲ'

You Belong With METahanan ng mga kuwento. Tumuklas ngayon