You Belong With ME[Part-11]

4.6K 398 64
                                        

{Uni code}

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

{Uni code}

Part-11

'🗣လူကြီးမင်း​ခေါ်ဆိုသောတယ်လီဖုန်းမှာ
သတ်မှတ်ချိနိအတွင်းပြန်လည်ဖြေကြားခြင်း
...တီ..တီ..တီ..

ရုပ်ရှင်ရုံကပြန်လာပြီးကတည်းက..အပြင်သွားမယ်ဆိုပြီးပြန်ထွက်သွားတာအခုထိပြန်မရောက်လာသေးတာမို့ထယ်ယောင်းရင်တွေ
မောဟိုက်နေသည်...သူငယ်ချင်းဆိုတဲ့စည်းကိုသူ့ဘက်ကစဖောက်မိတာမို့..ဂျောင်ဂုကျေနပ်တဲ့အထိတောင်းပန်ဖို့သူဆုံးဖြတ်ထားပြီးပြီ...ပုံမှန်သူငယ်ချင်းဆိုတဲ့ဆက်ဆံရေးလေးကောပြန်ရပါ့မလားလို့..တွေးလိုက်မိရင်တော့..ရူးမတတ်ပါပဲ....

📳There's nothing like...,

📞ဟလို

📞ထယ်ယောင်း..Jungkookအိမ်မှာမရှိဘူးမလား

📞ဟုပ်တယ်Jimin ..သူမင်းဆီရောက်နေတာလား

📞မဟုပ်ဘူး..သူအခုbarရောက်နေတာ...ငါမိတ်ဆွေကJungkookကိုငါ့သူငယ်ချင်းမှန်းသိလို့လှမ်းအကြောင်းကြားပေးတာ.. သူတော်တော်မူးနေတယ်တဲ့...

📞ဘယ်bar လဲ

📞UGH!!barလေ ထယ်မင်းမလိုက်သွားး...
တီ..တီ...တီ...

_________________
ရောင်စုံမီးတွေဖြာကျနေတဲ့ကလပ်ထဲ... ထယ်ယောင်းယောင်လည်လည်နဲ့ရောက်လာခဲ့သည်..တစ်ခါမှတစ်ယောက်ထဲမလာဖူးတာမို့..
ကြောက်စိတ်လေးရှိနေပေမဲ့..ဂျောင်ဂုမူးနေတယ်ဆိုတဲ့စကားကိုပြန်ကြားယောင်မိတိုင်း..
လူကပူထူလာတာမို့..သတ္တိလေးစုပြီး..လူကြားထဲတိုးဝှေ့ကာ.လိုက်ရှာနေမိသည်..ခနလောက်ရှာပြီးတော့..အမူးသမားလေးကိုတွေ့ပါပြီ..တစ်ယောက်ထဲထိုင်သောက်နေတာတောင်.. ပုလင်းတစ်ဝက်ကျိုးနေပြီဆိုတော့.. ဘယ်လောက်တောင်မူးနေလဲမသိ...
စိုးရိမ်တကြီးသူ့ဆီသွားဖို့ပြင်လိုက်ပေမဲ့

You Belong With MEOnde histórias criam vida. Descubra agora