![]()
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra. {Uni code}
Part-30
'ဟူးးးးးး'
ဂျောင်ဂုသက်ပြင်းခနခနချမိနေသည်။ဒီညခွဲစိတ်မှုခံယူရမှာဖြစ်တာကြောင့်...ဆရာဝန်တွေတွေလာခေါ်မှာကိုစောင့်နေရသည်။...ခွဲစိတ်မှုအတွက်စောင့်ဆိုင်းနေရတာဟာ..ဂျောင်ဂုအတွက်တော့သေမှာကိုစောင့်ဆိုင်းနေရသလိုပင်...ဂျောင်ဂုဟာအားကစားသမားဖြစ်သည့်အတွက်သွေးလည်ပတ်မှုအားကောင်းသည်။ဦးနှောက်သွေးကြောတွေဟာလဲအခက်အခဲမရှိကောင်းကောင်းလည်ပတ်နိုင်တာမို့..ဂျောင်ဂုရောဂါဒဏ်ကိုအများကြီးတော့မခံစားရပေ..အဆီပိုမရှိတဲ့ကြွက်သားတွေကိုပိုင်ဆိုင်ပြီး..ကိုယ်ခံအားကောင်းသူဖြစ်တာကြောင့်...ဆရာဝန်တွေကခွဲစိတ်မှုအောင်မြင်နိုင်ခြေများသည်ဟုထင်ကြေးပေးတတ်ကြသည်။ဂျောင်ဂုကတော့အဲ့တာတွေကိုစိတ်မဝင်စားပါ...သူဟာအချိန်ရှိသ၍..ထယ်ယောင်းအတွက်သာပူပန်နေတတ်သည်။ချစ်တတ်စအရွယ်ကိုးတန်းကျောင်းသားဘဝကထဲကနှလုံးသားတစ်ခုလုံးပုံအောပြီးချစ်ခဲ့ရသူ။... ထယ်ယောင်းကိုသူပိုင်တယ်လို့ခံယူထားတာမို့...သူသာမရှိတော့ရင်...ထယ်ယောင်းကိုအခြားလူပိုင်ဆိုင်သွားမှာကိုလဲ...ရူးမတတ်စိတ်ပူနေဟန်...ဂျောင်ဂုဘဝမှာ...ထယ်ယောင်းကိုပိုင်ဆိုင်ချင်တဲ့လောဘကလွဲရင်...အခြားလောဘမရှိပါ....ထယ်ယောင်းအတွက်ပဲသူဟာအတ္တကြီးသည်..ဒါဟာလဲထယ်ယောင်းကိုရူးမတတ်ချစ်လို့ပါ....
'မောင်...'
'ဟက်...ဂျွန်ဂျောင်ဂု..ဂျွန်ဂျောင်ဂု...မင်းကအလွမ်းအဆိပ်တက်နေပြီပဲ...ထယ့်ကိုအိမ်မက်ယောင်ရုံတင်မကတော့ဘူး...အခုအသံတွေအထိပါကြားယောင်နေပြီ..ဟက်'
ပြတင်းပေါက်မှန်တံခါးကနေ...နှင်းတွေကျနေတာကိုဂျောင်ဂုငေးကြည့်နေတုန်း'မောင်'ဆိုတဲ့နာမ်စားလေးခေါ်သံကြားလိုက်ရတာကြောင့်ဂျောင်ဂုတစ်ယောက်ကိုယ့်ကိုယ်ကိုယ်ပြန်ရေရွတ်မိလိုက်သည်။

ESTÁS LEYENDO
You Belong With ME
RomanceType: TAEKOOK [Completed]✅ {Uni&Zawgyi} _'ငါမင်းကိုချစ်တယ်..မင်းအသိအမှတ်မပြုရင်တောင်..အဲ့တာကအမှန်တရားပဲ...' :-Kim Tae Hyung _ 'ထယ်..ငါမင်းကို သတိထပ်ပေးလိုက်မယ်.. မင်းက Jeon Jungkookဆိုတဲ့ ငါ့အပိုင်ပဲ.. မင်းရဲ့ထွက်သက်ဝင်သက်ကအစ ငါပိုင်တယ် အဲ့တာက ငါသေသ...