မသိဘူးချစ်တယ်(၂)

2.5K 163 6
                                    

👩‍🦳မသိဘူး…ချစ်တယ်👩‍🦳
🍎🍎🍎🍎🍎🍎

      အပိုင်း(၂)

မြတယောက်တနေကုန်စိတ်နဲ့ကိုယ်နဲ့မကပ်…သူမနားထဲတွင်''''်မြကိုချစ်တယ်´´
ဆိုသောအသံကထပ်တလဲလဲပဲ့တင်ထပ်နေသည်။စာသင်တာလည်းကမောက်မက…သူ့ပုံရိပ်သူ့အသံတွေသာမြစိတ်ကိုလွှမ်းမိုးထားသည်။ဒါကိုပင်မြမကျေနပ်…သူကဘာလို့မြစိတ်ထဲရောက်နေတာလည်း။ပြီးတော့လည်း…မြကိုချစ်တယ်လို့ပြောတဲ့သူ့ပုံစံကြီးကမလှုပ်မယှက်…မျက်နှာကရှူတည်တည်…ဒါပေမဲ့သူ့မျက်ဝန်းတွေက…မြကို…လိုချင်တပ်မက်မှုတွေပြည့်နှက်နေသည်။

  ''မြ…ယူဘာဖြစ်နေတာလဲ´´

မြသူငယ်ချင်းအေမီပင်မြအဖြစ်ကိုရိပ်မိနေကာမေးနေပြီဖြစ်သည်။
မြရဲ့ရှုပ်ထွေးနေတဲ့စိတ်ကိုမောင်းထုတ်ပြီး……

  ''ဘာမှမဖြစ်ပါဘူး…အေမီရယ်…´´

  ''အင်းမဖြစ်ဘူးသာဆိုတယ်မြပုံကြည့်ရတာတမျိုးပဲ…ဘာလဲ…မင်းပြည့်နဲ့စိတ်
ဆိုးလာပြန်ပြီလား………´´

  ''မဟုတ်ပါဘူးအေမီရယ်…မြဘာမှမဖြစ်ပါဘူး…မောင်နဲ့လည်းအဆင်ပြေပါတယ်´´

မြရဲ့ဝေဒနာကအေမီက်ိုထုတ်ပြောဖို့ပင်ခက်လှတဲ့အဖြစ်မို့မြပြောမနေတော့ပဲ……

  ''မြ…အတန်းချိန်ရောက်ပြီသွား
တော့မယ်……´´

  ''ယူကဘယ်အတန်းဝင်မှာလဲ´´

  ''third year paper2လေ´´

   ''အဲ့ဒါကနောက်တချိန်မှလေအခုတို့ဝင်ရမှာအဲ့အခန်းကို……´´

အေမီကပြောရင်းရယ်နေပါတော့သည်။ဟုတ်ပါရဲ့…နာရီကိုပြန်ကြည့်လိုက်တော့မှ…ဒီအချိန်က…မြရဲ့duty offချိန်ဖြစ်နေလေသည်။

  ''ယူကတော့လေ……´´

အေမီမြကိုခေါင်းယမ်းပြပြီးစာသင်ရန်ထွက်သွားသည်။ဒီတယောက်ကြောင့်…မြတော့အရာရာအလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပါပြီ…မုန်းလိုက်တာ……။

   ''ဘာဖြစ်လာတာလဲပီတာ´´

ပီတာရဲ့မျက်နှာတစ်ခုလုံးနီရဲဖူးယောင်နေတာမို့ကျော်ဝေကမေးလိုက်သည်။
ပီတာကကမူးရှုးထိုးခုံလွက်မှာဝင်ထိုင်ရင်း……

မသိဘူးချစ်တယ်Where stories live. Discover now