မသိဘူးချစ်တယ်(၈)

2.7K 146 1
                                    

🧝မသိဘူး...ချစ်တယ်‍️🧝‍♀️
🍎🍎🍎🍎🍎🍎🍎🍎

အပ်ိုင်း(၈)
မနက်လင်းတော့ဥသြလုံးဝမထနိုင်တော့...။ဒါပေမဲ့လည်းဥသြအားတင်းပြီးထလိုက်တော့လူကမူးနောက်နေတာကြောင့်ပြန်လဲသွားသည်။ဒါကိုအိပ်ယာထက်မှ...မြမြင်နေတာကြောင့်.........

''နင်နေမကောင်းဘူးမို့လားဥသြ
မထနေနဲ့ဆေးရောသောက်စရာ
ရှိလား''

ဥသြခေါင်းခါလိုက်သည်။ဒီမှာကအရက်ပျံတွေဆေးဝါရည်တွေကလွဲလို့ဘာမှမရှိ။

''ဒါဆိုဘယ်လိုလုပ်မလဲ...နင့်သူငယ်
ချင်းတွေလှမ်းခေါ်ပြီးဆေးခန်းပြကြည့်ပါ
လား''

''ရပါတယ်...ဥသြခဏ
နားလိုက်ရင်သက်သာသွားမှာပါ''

''ပြီးရောလေ...တခုခုဖြစ်လာရင်
ငါလည်းဘာမှလုပ်ပေးတက်မှာ
မဟုတ်ဘူးအဲ့ဒါကြောင့်ပြောတာ''
မြသူ့အနားကိုလာပြီးကိုယ်လေးစမ်းကြည့်ဖော်တောင်မရ။အဝေးကလှမ်းပြောနေတာကြောင့်ဝမ်းနည်းစိတ်ကလေးကစူးနစ်စွာဝင်ရောက်လာသည်။မြအိပ်ယာမှထသွားတော့သူမြနောက်ကျောလေးကိုငေးစိုက်ကြည့်ရင်းမျက်ရည်များပင်ကျလာသည်။ဘယ်လောက်ပဲဥသြစိတ်ဓာတ်ကမာကြောနေပါစေအခုလိုနေမကောင်းဖြစ်တဲ့အချိန်မှာတော့ဥသြအားငယ်မိတာအမှန်ပင်။
မြကိုလည်းသူ့ကိုမုန်းတီးနေတာဆိုတော့ဂရုစိုက်မှာ...မှမဟုတ်တာ။တွေးရင်းမျက်ရည်တွေတလိမ့်လိမ့်စီးကျလာသည်။သူလုံးဝမထနိုင်တော့တာကြောင့်မျက်လုံးကိုမှိတ်ကာစောင်လေးခြုံကာကွေးနေမိသည်။မြသူနေမကောင်းတာကြောင့်...ကိုယ်တိုင်မီးဖိုထဲဝင်ခဲ့သည်။
သူ့အတွက်တော့ဆန်ပြုက်လေးပြုက်ကာကျက်သွားတော့......

''နွေဥသြ......''
သူမျက်လုံးလေးကာအသာအယာဖွင့်ကာ

''ဟင်...မြ''

''ထနိုင်တယ်ဆိုရင်ဆန်ပြုက်လေး
ထသောက်လိုက်အုံး''
မြဆီကလုံးဝထင်မှတ်မထားသောစကားလေးကိုကြားလိုက်တာကြောင့်...သူဝေဒနာတဝက်သက်သာသွားသည်။
ဒီလိုဆိုတော့လည်း...မြဟာသူ့ကိုထင်သလောက်မမုန်းဘူးလို့ထင်မိသည်။

''ပြုက်ပေးချင်လို့ပြုက်ပေးတာ
မဟုတ်ဘူးနော်...အဖျားကြာရှည်နေရင်
နင့်ကိုငါမနှိပ်စက်ရမှာစိုးလို့''

မသိဘူးချစ်တယ်Wo Geschichten leben. Entdecke jetzt