👩🦳မသိဘူး...ချစ်တယ်👩🦳
🍎🍎🍎🍎🍎🍎🍎🍎အပိုင်း(၁)
စနေနေ့ကျောင်းပိတ်ရက်မို့မြတယောက်တအိမ်လုံးကိုသန့်ရှင်းရေးသိမ်းကြုံးလုပ်နေပါသည်။သန့်ရှင်းရေးလုပ်ရင်း...ပါးစပ်မှလည်းတတွက်တွက်ပွစိပွစိနဲ့မို့လရိပ်နဲ့တိမ်ပြာတို့မှာနေစရာမရှိ...ဇာတ်ကလေးတွေပုကာ...မီးဖိုချောင်းထဲအသာလေးရှောင်ထွက်လာခဲ့ကြသည်။
''ဟဲ့!လရိပ်နဲ့တိမ်ပြာ...ဘယ်ရောက်နေတာလဲ...''
''ခေါ်နေပြီသွားသွား''
မေမေကလရိပ်နဲ့တိမ်ပြာကိုအတင်းမမမြဆီကိုသွားခိုင်းနေတာကြောင့်နှစ်ယောက်သားကုပ်ချောင်းချောင်းနဲ့မမမြရှေ့ရောက်ခဲ့ရသည်။မမမြရဲ့အကြည့်တွေက...အပြစ်သားတွေကိုကြည့်သလိုကြည့်နေတာမို့...နှစ်ယောက်သားမျက်နှာကိုအတက်နိုင်ဆုံးဇီးရွက်လောက်ဖြစ်အောင်ဖန်တီးလိုက်သည်။
''ဘယ်ရောက်နေကြတာလဲ...''
''ဟိုဟို...မီးဖိုချောင်ထဲရောက်နေကြတာပါ''
''မီးဖိုချောင်ထဲမှာ...ညည်းတို့အလုပ်
ဘာရှိလဲ......မိန်းကလေးတွေဖြစ်ပြီး
စောစောထမယ်မရှိဘူး...ကြည့်ပါအုံး
ဧည့်ခန်းထဲမှာရှုပ်ပွနေတာပဲ...မိန်းက
လေးတွေနေတဲ့အိမ်တဲ့...ရှက်စရာတောင်ကောင်းတယ်''မျက်နှာငယ်လေးတွေနဲ့မြကိုကြည့်နေတဲ့လရိပ်နဲ့တိမ်ပြာကို...မြ...စိတ်တိုတိုနဲ့ဆူလိုက်သည်။ညီမသုံးယောက်ရှိတာမြတယောက်သာအိမ်မှုကိုကိစ္စကိုစိတ်ဝင်စားသည်။လရိပ်နဲတိမ်ပြာကအိမ်မှုကိစ္စဆိုသူတို့နဲ့မဆိုင်သည့်အလား...လျစ်လျူရှုရင်းနေလာတာ...မွေးကတည်းကအခုထိပင်။ဒီလိုတွေဖြစ်တာလည်းမေမေအလိုလိုက်လို့ပင်။မြဆူရင်အမြဲကာကာဆီးကာဆီးနဲ့ဒါကြောင့်သင်းတို့နှစ်ယောက်ရောင့်တက်နေတာ...။ဒီနေ့တော့မရတော့......
''လရိပ်...ဒီဧည့်ခန်းတခုလုံးကိုကြမ်း
ပြောင်အောင်တိုက်...တိမ်ပြာ်က...အပေါ်ထပ်က...ဘုရားခန်းနဲ့ညည်းတို့နှစ်ယောက်အခန်းကိုသွားရှင်း...'''''ဟာမမမြ......''
လရိပ်ကမျက်နှာကြီးစူပုတ်ကာစောဒကတက်ဖို့ပြင်နေစဉ်.........
YOU ARE READING
မသိဘူးချစ်တယ်
Romanceပေပေတေတေဂျစ်ကန်ကန်...နွေဥသြဆိုတဲ့ကောင်မလေးနဲ့ မြဆိုတဲ့....မမကြီးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ