👩🦱မသိဘူး...ချစ်တယ်👩🦱
🍎🍎🍎🍎🍎🍎🍎🍎အပိုင်း(၉)ဇာတ်သိမ်းပိုင်း
ကျော်ဝေကားမောင်းရင်း...ဥသြကိုကြည့်ကာ......မြဆိုသောအသဲနှလုံးမရှိတဲ့မိန်းမကြီးကိုဒေါသထွက်နေမိသည်။တောက်!ဥသြတခုခုဖြစ်လို့ကတော့...ခင်များကြီးမလွယ်ဘူးမှတ်...စိတ်ထဲမှကြိမ်းဝါးရငိးအေးချမ်းကိုသတိရကာကားမောင်းရင်းကျန်လက်တဖက်မှဖုန်းကိုကောက်နှိပ်လိုက်သည်။
''အေးချမ်း...ဒီမှာဥသြကိုငါဆေးရုံကိုပို့မှရမယ်...မင်း
သူ့အန်တီတွေကိုအကြောင်းကြားပြီး
ရွှေလမင်းကစောင့်နေ...ဒါပဲ''အေးချမ်းဘာမှမပြောခင်သူဖုန်းချလိုက်သည်။ပြီးတော့ကားကိုဂရုစိုက်မောင်းနေမိသည်။
''တီ...တီ!ကျွီ!...ဒုန်း!''
အနောက်ကကားကသူ့ကားကိုအရှိန်နဲ့ကားနောက်မြီးကိုဝင်တိုက်တာကြောင့်ကားလေးမှာလမ်းဘေးကိုရောက်သွားသည်။ကျော်ဝေပိုစိတ်တိုသွားသည်။ဘက်မှန်ကနေပြီးနောက်ကကားကိုကြည့်လိုက်တော့...ရန်သူတော်သီဟတို့ကားဖြစ်တာကြောင့်ကျော်ဝေကားကိုအရှိန်မြှင့်လိုက်သည်။
ဒီအချိန်မှာသူရန်မဖြစ်ချင်...ဥသြအတွက်ကအရမ်းကိုအရေးကြီးနေပြီဖြစ်သည်။
ဒါပေမဲ့လည်းသီဟတို့ကားကသူ့ကားကိုကျော်တက်ပြီးကားရှေ့ကပိတ်ရပ်လိုက်တာကြောင့်...သူကားပေါ်မှဆင်းကာ......''လမ်းဖယ်ပေးဟေ့ကောင်တွေ''
သီဟတို့အုပ်စုကကားပေါ်မှဆင်းလာပြီး......
''မဖယ်ပေးဘူးဆိုရင်ကော...''
သီဟကကျော်ဝေ့အနားကပ်ကာ...ရိသဲ့သဲ့နဲ့ပြောတာကြောင့်ကျော်ဝေစိတ်တိုသွားပေမဲ့လည်း...သူစိတ်ကိုလျော့ကာ...
''ငါတောင်းပန်ပါတယ်သီဟရယ်
ဒီမှာ...ဥသြကိုအချိန်မီဆေးရုံပို့မှ
ဖြစ်မှာမို့လို့ပါ''''ဘယ်လိုဖြစ်တာလည်းကျော်ဝေ
ရယ်...ထူးထူးခြားခြားမင်းအသံကသိပ်
ချိုနေပါလားကွ...''''ဟား!ဟား...ဟား''
သီဟတို့အုပ်စုကကျော်ဝေကိုကြည့်ပြီးအားရပါးရလှောင်ပြောင်ရယ်မောနေတာကြောင့်ကျော်ဝေပိုပြီးဒေါသထွက်လာသည်။ခါတိုင်းလိုသာဆိုရင်ကျော်ဝေလက်ပါပြီးလောက်ပြီဖြစ်ပေမဲ့အခုကဥသြအတွက်အရမ်းအရေးကြီးနေတာမို့...စိတ်ကိုလျော့ကာ.........
YOU ARE READING
မသိဘူးချစ်တယ်
Romanceပေပေတေတေဂျစ်ကန်ကန်...နွေဥသြဆိုတဲ့ကောင်မလေးနဲ့ မြဆိုတဲ့....မမကြီးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ