👩မသိဘူး…ချစ်တယ်👩🦳
🍎🍎🍎🍎🍎🍎🍎အပိုင်း(၃)
သုတကိုတယောက်ဘာမှအကြောင်းမကြားပဲမြန်မာပြည်ကိုခဏပြန်ခဲ့သည်။သူ့ကိုမြင်တာနဲ့ပန်းက…ဝမ်းသာအားရနဲ့
''ဟယ်ကိုကိုပြန်လာတယ်´´
သုတအထုပ်များကိုချပြီးထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
''ကိုကိုကလည်းဘာလို့အကြောင်း
မကြားတာလဲ…လာကြိုမှာပေါ့…´´''နေပါညီမလေးရယ်…အစီစဉ်မရှိပဲလာဖြစ်သွားတာ…ဒါနဲ့တေးရော……´´
''တေးကအလုပ်သွားတယ်ကိုကိုရဲ့´´
''ဥသြကော…´´
''သမီးရှိပါတယ်ဒယ်ဒီ…´´
နွေဥသြဒယ်ဒီဘေးတွင်ဝင်ထိုင်လိုက်သည်။
''သမီးဘာတွေလုပ်နေတာလဲ…ကြားရတဲ့သတင်းတွေကတခုမှမကောင်းဘူး…တက်တော့အနုပညာကျောင်းလုပ်တဲ့အလုပ်ကထစ်ခနဲရှိရန်ဖြစ်…ရိုက်နှက်နဲ့´´
သုတကိုတယောက်သမီးဖြစ်သူရဲ့မှုန်တေတေမျက်နှာကိုကြည့်ကာပြောလိုက်သည်။ဒီသမီးတယောက်နဲ့တော့သူရင်လေးမိတာအမှန်…ခေါင်းမာပြီးတဇွက်ထိုးဆန်တာကလည်းမွေးကတည်းက…။အငယ်ကောင်ဆောင်းနေနဲ့တော့တခြားစီပင်။
''ဒယ်ဒီကို…အန်ကယ်သန့်ဇင်ပြော
တာလား´´''ဟုတ်တယ်…မိန်းကလေးဖြစ်ပြီးအခုလိုထင်ရာစိုင်းနေတာဒယ်ဒီမကြိုက်ဘူးသမီး…သမီးမာမီကလည်းသမီးကိုပြန်ခေါ်
စေချင်နေတာ……´´
အစကတည်းကမာမီကဥသြကိုဒီက်ိုလွှက်ချင်တာမဟုတ်ပြောမရလို့သာဒီတိုင်းထားတာဖြစ်သည်။''သမီးပြန်လာခဲ့ပါ့မယ်လို့မာမီကိုပြောပေးပါ…ဒယ်ဒီရယ်နော်´´
အန်တီပန်းက…တခုခုပြောဟန်ပြင်စဉ်ဥသြမျက်စိမှိတ်ပြလိုက်တာကြောင့်တီပန်းငြိမ်သွားသည်။
''အင်းပါလေ…အခုဘာလုပ်ဖို့စိတ်ကူးရှိလည်းဒယ်ဒီတော့သမီးကိုဒီမှာအဝေးသင်တက်ပြီးရိုးရိုးဘွဲ့တစ်ခုထပ်ယူပြီးစီးပွားရေးတခုလုပ်စေချင်တယ်´´
ŞİMDİ OKUDUĞUN
မသိဘူးချစ်တယ်
Romantizmပေပေတေတေဂျစ်ကန်ကန်...နွေဥသြဆိုတဲ့ကောင်မလေးနဲ့ မြဆိုတဲ့....မမကြီးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ