4<unicode>

3.5K 103 9
                                    

🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀

Episode💕4💕

သင်္ကြန်မဏ္ဍုပ်မှပျံ့နှံလာသော သင်္ကြန်သီချင်းများကြောင့် နေ့သစ်စိတ်ကြည်လင်လန်းဆန်းစွာ အိပ်ယာမှနိုးလာရသည်

ရင်ဘတ်ထက်မှ ခြေကားယားလက်ကားယားလေးဖြင့်အိပ်မောကျနေသော ပြည့်လေးကတော့တုပ်တုပ်ပင်မလှုပ်

နေ့သစ် ပြည့်အားကြည့်ကာပြုံးလိုက်မိသည်

မေလေးက ညရေးညတာဒုက္ခရောက်မည်ပူကာ ပြည့်အားကိုယ့်အခန်းကိုယ်အိပ်ရန်ပြောသော်လည်း

ပြည့်ကတော့လစ်တာနဲ့ သူ့ဗိုက်ပေါ်တက်အိပ်မြဲ

တကယ့်မနိုင်စိန်လေး

နေ့သစ် ကျောအားဖက်ကာ အိပ်ယာထက်သေချာချလိုက်ပြီး အိပ်ယာမှထကာ ပြတင်းပေါက်ကိုဖွင့်လိုက်တော့လေပြေလေအေးလေးများက မျက်နှာထက်လာကျီဆယ်ကြသည်

မြန်မာတို့ရဲ့ သင်္ကြန်ပင်

အိမ်ရှေ့က ပိတောက်ပင်ကြီးမှ ပန်းပိတောက်တို့က မွေးပျံ့ကြိုင်လှိုင်နေစွာ

နေ့သစ်လှမ်းကြည့်လိုက်တော့ ပိတောက်ပန်းတွေဝါလို့

နေ့သစ်ပါးချိုင့်လေးတွေပေါ်သည်ထိပြုံးကာ ဘယ်သူမှမခူးဆွတ်ရသေးသော ဦးဦးဖျားဖျားပိတောက်ပန်းကို သွားခူးရန်ပြင်လိုက်၏

စတုဒီသာအတွက်ပြင်ဆင်နေကြသည့်မေလေးက 

"သားနေ့သစ် အစောကြီးနိုးနေတာပါရော"

"ဟုတ်တယ်မေလေး ပြည့်လေးကကျွန်တော့်အခန်းမှာအိပ်နေတယ်"

"သြော်ဒီကလေးနှယ် နေ့သစ်ကိုပဲနေ့ရောညပါဒုက္ခပေးနေတယ်"

"ရပါတယ်မေလေးရဲ့ ပြည့်လေးကငယ်သေးတော့မအိပ်ရဲလို့နေမှာပေါ့"

"ဘာမှမအိပ်ရဲစရာမရှိဘူးနေ့သစ်ရယ် သက်သက်ကိုလုပ်တာ"

"အဟွန့်"

"မေလေးကပြောတာလေ သားနေ့သစ်လဲ ညဆိုကောင်မလေးတွေနဲ့ဖုန်းပြောချင်ပြောမှာပေါ့ဆိုတော့ ဘာပြောတယ်မှတ်လဲ ကိုကြီးကသူ့ကိုပဲချစ်တာတဲ့အဟင်းဟင်း"

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now