Episode💕6💕
ဒိုင်း💥
နားထဲသို့တိုးဝင်လာသော သေနတ်သံကြောင့်နေ့သစ်လန့်ကာ အသက်ရှူတွေပင်မြန်လာ၏
နေ့သစ် နဖူးမှချွေးတွေပင်စီးကျနေလေသည်
အိမ်မက်လား......ငါသေသွားပြီလား
နေ့သစ်မျက်ဝန်းတွေကိုဖွင့်ကြည့်လိုက်ချိန်
"ငါ....ဘယ်ရောက်နေတာလဲ"
နေ့သစ် ကိုက်ခဲနေသောခေါင်းအားလက်ဖြင့်ဖိလိုက်တော့ လက်မောင်းကဒဏ်ရာကဆစ်ခနဲ
💭ငါ မသေသေးဘူးလား ပြည့်လေး...ပြည့်လေးဘယ်မှာလဲ💭
ခြေတစ်လှမ်းပင် မလှမ်းချင်လောက်အောင် အားမရှိပေမယ့် ပြည့်လေးကိုစိုးရိမ်သည့်စိတ်ကြောင့် ကုတင်ပေါ်က ထကာဆင်းဖို့ကြံစည်လိုက်လျှင်
"ကောင်လေး မင်းနိုးလာပြီလား"
နေ့သစ်အားမေးလိုက်သော အသံသြသြကြောင့် နေ့သစ်မော့ကြည့်လိုက်သော် နေ့သစ်မသိသည့်လူတစ်ယောက်
"ခင်ဗျား ဘယ်သူလဲ"
ဦးဝဏ္ဏကျော်ထင် သူ့အား စူးစူးရဲရဲစိုက်ကြည့်ကာ ကြောက်လန့်ပုံမပေါ်သည့်ကောင်လေးအား ကြည့်ကာသဘောကျစွာပြုံးလိုက်သည်
အကြည့်တွေက ခက်ထန်မာကြောကာ ခြင်္သေ့တစ်ကောင်အလား
"ကျွန်တော့် ညီမလေးရော သူအခုဘယ်မှာလဲ"
"စိတ်လျော့ကောင်လေး မင်းညီမလေး တစ်ဖက်ခန်းမှာ"
"သူတစ်ခုခုဖြစ်ရင် ခင်ဗျားကိုကျုပ်သတ်မယ်"
"အဟွန့် မင်းကိုယ်မင်းတောင် မတ်တပ်ရပ်နိုင်ရဲ့လားကောင်လေး"
ထိုလူကြီးရဲ့အပြောအားလက်သီးကိုကျစ်နေအောင်ဆုပ်ကာ
"ကျွန်တော်ခင်ဗျားထက်အင်အားမကြီးတာမှန်တယ် ဒါပေမယ့်ကျွန်တော့်အသက်သေပါစေခင်ဗျားကိုတော့သေအောင်သတ်သွားမှာ"
"ကြိုက်တယ် မင်းစိတ်ဓာတ်ကိုငါကြိုက်တယ်"
နေ့သစ် ထိုသူအားစူးစူးရဲရဲကြည့်လိုက်၏
သူနဲ့ပြည့်ကို ဟိုလူတွေလက်ထဲက ကယ်ခဲ့တာဆိုတာ့ ခုထိအန္တရာယ်ကင်းသေးသည်ဟုဆိုရမည်
"ခင်ဗျား ကျွန်တော်တို့ကို ကယ်ခဲ့တာဘာလိုချင်လို့လဲ"
ဦးဝဏ္ဏကျော်ထင် စီးကရက်တစ်လိပ်ကိုနှုတ်ခမ်းတွင်တေ့လိုက်တော့ နံဘေးကလူကအလိုက်သင့်မီးညှိပေး၏
ပြီးနောက် စီးကရက်ကို ဖွာရှိုက်ပြီး
"အကြွေးဆပ်တာ"
"ခင်ဗျားပြောတာနားမလည်ဘူး"
ဦးဝဏ္ဏကျော်ထင် အင်္ကျီအိတ်ကပ်ထဲမှ ဓာတ်ပုံတစ်ပုံအားထုတ်ယူကာ နေ့သစ်အားကမ်းပေးလိုက်သည်
နေ့သစ် ဓာတ်ပုံအားကြည့်ကာမျက်ဝန်းတွေပြူးသွားရကာ
"ဒါက....."
"မင်းအဖေကငါ့အပေါ်မှာကျေးဇူးကြွေးရှိနေတယ်"
"ဖေဖေနဲ့အသိလား"
"အင်း မင်းအဖေအကြောင်းငါအသိနောက်ကျခဲ့ရလို့ မကယ်ပေးလိုက်နိုင်ဘူး"
ဦးဝဏ္ဏကျော်ထင်စကားကြောင့် ဖေဖေ့အားသတိရကာ လက်သီးကိုကျစ်နေအောင်ဆုပ်ထားပြီး မျက်ဝန်းထဲ အမုန်းတရားတွေပြည့်နှက်သွားရသည်
"ဖေဖေ့ကိုသတ်ခဲ့တဲ့သူကို ကျွန်တော့်လက်နဲ့ကိုယ်တိုင်လက်စားချေရမှကျေနပ်မယ်"
"မင်းဖြစ်ချင်တာပြောလိုက်ကောင်လေး မင်းဆန္ဒတွေအတိုင်းဖြစ်စေရမယ်'"
YOU ARE READING