9<Unicode>

2.8K 90 2
                                    

🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀

Episode💕9💕

"ဝမ်း"
နေ့သစ် ရေနွေးအိတ်လေးအားယူကာ အခန်းထဲဝင်လာတော့ မျက်နှာလေးရှုံ့မဲ့နေသည့် ပြည့်
"ဟင့်...ကိုကြီး"
"အရမ်းနာနေတာလား"
"အွန်း..."
"ရေနွေးအိတ်လေး ကပ်ထား"
ပြည့်ခွေခွေလေးအိပ်နေသည့်အနား နေ့သစ်သွားထိုင်ကာ မျက်နှာထက်ဝဲကျနေသည့်ဆံပင်တို့အား ဖယ်ပေး၍
"ဝမ်း အစပ်တွေစားလို့ထင်တယ်"
"ဟင့် ပြည့်သေမတတ်ပဲ"
"နောက်ကို အစပ်မစားနဲ့ပေါ့"
"စားမှာပဲ"
နေ့သစ် မကျေမနပ်ကြည့်လိုက်မိသည်
ဘယ်တော့မှစကားဆိုနားမထောင်ဘူး
"ကိုကြီး"
"ဟင်"
"ပြည့်မှာလဲ မာရီလို အစ်မတစ်ယောက်ရှိရင်ကောင်းမှာပဲနော်"
ပြည့်သူငယ်ချင်းမှာက အစ်မတစ်ယောက်ရှိသည်လေ
ပြည့်သူ့ကိုအရမ်းအားကျတာပဲ
"ဘာလို့လဲ ဝမ်းအပေါ်ကိုကိုဂရုမစိုက်လို့လား"
"ဟင့်အင်း ခုလိုကိစ္စတွေကျအစ်မကပိုကောင်းတယ်ထင်လို့ "
"အာ့တော့ ကိုကိုလဲတတ်နိုင်ဘူးလေ ဝမ်းရဲ့"
"အင်း ဒါပေမယ့်ပြည့်မှာကိုကြီးရှိနေပြီပဲလေ"
"ကိုကိုနဲ့တင်မလုံလောက်ဘူးလား"
"ဟီး...တစ်ခါတစ်လေတွေးမိတာပါ ပြည့်မှာအစ်မတစ်ယောက်ရှိရင်ပေါ့ အလှတွေလဲတူတူပြင်လို့ရတယ် အင်္ကျီဆင်တူလေးတွေချုပ်ဝတ်မယ် ရင်ထဲရှိတာတွေရင်ဖွင့်လို့ရတယ်လေ'
"အဟွန့်...."
"မမမိုရ်လို အစ်မမျိုးလေးရှိချင်တာ"
"မိုရ်လား.....ဘာလို့လဲ"
နေ့သစ်မေးလိုက်တော့ ပြည့်ကပြုံးနေပြီး
"မမမိုရ်ကပြည့်အပေါ်အရမ်းကောင်းတာလေ စိတ်ရင်းလဲကောင်းတယ်ဟာ"
"ဟုတ်ပါပြီကွာ"
သူမလေးနှုတ်ဖျားက ထွက်သမျှစကားတိုင်းကို အတည်မှတ်ကာ ဖြည့်ဆည်းပေးချင်သောစိတ်ကိုတော့ သိနိုင်မှာတဲ့လား
ပြည့်လေးပျော်မယ်ဆို ကိုကို့ဘာမဆိုလုပ်ပေးနိုင်တယ်

❤❤❤❤❤❤❤❤❤❤❤

"ပိုးမေးနေတယ်လေ ကိုကို....ညက စာပြန်တာဘယ်ကောင်မလဲ ဘယ်သူနဲ့အတူရှိနေတာလဲလို့"
"......."
"ကိုကို!!!!!!ပြီးတော့ ဝမ်းဆိုတဲ့နာမည်က ဘယ်ကောင်မနာမည်လဲ"
"......."
"ကိုကို!!!!!!!"
နေ့သစ် နံဘေးမှာသာလိကာကဲ့သို့ စကားတွေပြောနေကာ ရစ်နေသည့် ပိုးပိုးဆိုသောကောင်မလေးအားစိတ်ပျက်စွာတစ်ချက်ကြည့်လိုက်မိသည်
ပြည့်ပြောင်းထားတဲ့One DayဆိုသောNameကို Oneဟုပြောင်းထားလိုက်တာကို လာရစ်နေသည်
ညကလဲ ပြည့်ဖုန်းသုံးသည်နှင့် ကြုံသွားတဲ့ပုံပေါ်ပါတယ်
ဘာတွေပြောလိုက်သည်မသိ
ပိုးပိုးက နေ့သစ်တို့နှင့်အတူလက်တွဲလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့CEOသမီး
ဖခင်ဖြစ်သူကလဲ နေ့သစ်နှင့်သဘောတူကာစကားကြောင်းတာခဏခဏ
နေ့သစ်ကတော့ အလုပ်အတူတူလုပ်နေရသဖြင့် အလိုက်အထိုက်နေခြင်းပင်
"ကိုကိုလို့!!!!!"
စိတ်ဆိုးမာန်ဆိုး ခေါ်သံကြောင့် နေ့သစ်စိတ်ညစ်စွာ
"တော်လို့ရပြီ ပိုးပိုးနားငြီးနေပြီ"
"ပိုးမေးတာဖြေလေ
"ဘယ်သူဖြစ်ဖြစ်မင်းနဲ့ ဘာဆိုင်လဲကွာ"
"ကိုကို...ပိုးကကိုကို့ချစ်သူလေ"
"ငါမင်းကို ချစ်တယ်ဘယ်နှစ်ခွန်းပြောဖူးလဲ"
"ကိုကို...အဲ့ဒါဆိုဘာလို့ ပိုးကိုမငြင်းတာလဲ"
"ငါ အဲ့လိုရစ်တတ်တာတွေမုန်းတာ မင်းမသိဘူးလား ငါ့မှာလဲငါ့အလုပ်နဲ့ငါရှိတယ် ပြန်တော့"
"ဒယ်ဒီကပြောတယ် ကိုကိုနဲ့ပိုးမကြာခင်လက်ထပ်ရမယ်တဲ့"
"အရူးစကားတွေ ဘယ်သူ့ဆန္ဒနဲ့လဲ"
နေ့သစ် ခပ်ရွဲ့ရွဲ့ပြုံးလိုက်မိသည်
စိတ်ပျက်စရာတွေ......
ဘယ်သူကလက်ထပ်မှာတဲ့လဲ ဘယ်သူကအဲ့လိုချည်နှောင်ခံချင်လို့လဲ
ဒီဘဝမှာ သူဂရုစိုက်ရမည့်သူ ပြည့်လေးရှိနေပြီးပြီ
ကျန်တာ ဘယ်သူ့ကိုမှမလိုအပ်တော့ဘူး
ပြည့်လေးလောက်လဲ ဘယ်သူ့ကိုမှ စိတ်ရှည်ပေးနိုင်မှာမဟုတ်ဘူး
"ကိုကိုကြည့်ထားပါပိုးက ကိုကို့သတို့သမီးပဲ ဖြစ်လာလိမ့်မယ်"
နေ့သစ် ပိုးအနားတစ်လှမ်းခြင်းတိုးကပ်သွားလိုက်ပြီး
"ဘယ်တော့မှဖြစ်လာမှမဟုတ်ဘူး ပြီးတော့ ငါမင်းကိုမချစ်ဘူး မင်းအကျင့်တွေကိုငါအရမ်းမုန်းတာ"
"ပိုးဘာလုပ်နေလို့လဲ"
"မင်းအတ္တကြီးလွန်းအားကြီးတယ် အလိုက်အထိုက်နေပေးရုံကို မင်းကငါ့ကိုပိုင်ပြီမှတ်နေတာလေ
"အဲ့တော့ဘာဖြစ်လဲ"
"မင်းက ငါ့Typeလဲမဟုတ်ဘူး"
'ဘာလဲ ဟိုမော်ဒယ်မလင်းလက်သူမှ ကိုကို့Typeလား"
"အဟွန့် မင်းထက်စာရင် သူကမဆိုးဘူး"
"ကိုကို လွန်လာပြီနော်...."
"ထွက်သွားတော့ နားငြီးတယ်"
ပိုးလက်သီးကို ကျစ်နေအောင်ဆုပ်လျက်
ကိုကို့အခန်းထဲကထွက်လာခဲ့သည်
ပိုးချစ်တဲ့ ကိုကိုဆိုတာ အဲ့လိုလေ
ဘယ်တတ်နိုင်ပါ့မလဲ ကိုကို့ရဲ့အဲ့ပုံစံကိုမှကို ကြွေတာ
ကိုကို့ကိုပိုးပဲပိုင်ဆိုင်စေရမယ်

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now