Episode💕13💕
ပိုင် တံခါးအားလာဖွင့်ပေးသည့် မင်းအား
"ဟိုကောင် ဘယ်မှာလဲ"
"ဝိုင်သိုလှောင်ခန်းမှာပါ"
"အင်း"
ပိုင် မင်း ပုခုံးအားပုတ်ကာ နေ့သစ်ရှိရာဝိုင်သိုလှောင်ခန်းသို့ လာခဲ့၏
မင်း ပြောတာတော့ ပြည့်ကဒီနေ့သူငယ်ချင်းအိမ်မှာသွားအိပ်တာဆိုလား
ပြီးတော့ နေ့သစ်အခြေအနေသိပ်မဟန်ကြောင်း ဖုန်းဆက်လာသောကြောင့် အလုပ်ပြီးသည်နှင့်ပြေးလာခဲ့ရခြင်း
နေ့သစ်လို လူနှစ်ယောက်နဲ့သာ သူငယ်ချင်းဖြစ်ရင်တော့ ငါ့ဘဝကြီးကမတွေးရဲစရာပဲ
ကိုယ့်စိတ်က ဘာဖြစ်နေတာလဲတောင်သိရဲ့လား
ဘာစိတ်ပေါက်မှန်းမသိ ပြည့်ကို အတင်းစေ့စပ်ပေးပြီး ကွဲနေတာလား ဘာလားပဲပိုင် ဝိုင်သိုလှောင်ခန်းထဲဝင်လာတော့ စားပွဲပေါ်ထက်တင်ထားသောဝိုင်ပုလင်းခွံနှစ်ပုလင်းနှင့် တစ်ဝက်ကျိုးနေပြီဖြစ်သောဝိုင်တစ်ပုလင်း
ကြည့်ရတာ တော်တော်များနေတဲ့ပုံပဲ
ဒါပေမယ့် ဒီကောင်သောက်နိုင်စွမ်းကမြင့်တယ်
ဒီလောက်ဆိုရီဝေဝေပဲ
ကောင်းပါတယ် နည်းနည်းအစ်ရတာပေါ့အခန်းထဲတွင် သီချင်းသံကပျံ့နှံ့နေလျက်
ဒီကောင်ကြီးက သီချင်းတွေနားထောင်ပြီး ခံစားနေတတ်သေးတာပေါ့
ပိုင် နေ့သစ်ထံမလာပါပဲ ခဏရပ်ကာ သီချင်းသံအားသေချာနားထောင်နေမိသည်
🎶ငါကျေနပ်ပါတယ် ဒီအခြေအနေလေးအတိုင်းပဲ🎶
🎶ပိုင်ဆိုင်ခွင့်မရလဲ ဒီရင်ထဲနင်မသိအောင် ငါဆက်ပြီးချစ်မယ်🎶
🎶သီချင်းတွေနဲ့ နင်မပျော်နိုင်တာငါသိတယ်🎶
🎶နင်လိုတဲ့အခါသုံး မလိုရင်ထားခဲ့🎶
🎶နင်ပျော်ဖို့အတွက်ဆို🎶
🎶ရင်ကွဲသွားပါစေ ပေးဆပ်နေမယ်🎶
🎶ချစ်တယ် အဖြူထည်လေးပဲ ချစ်လို့သွားမယ်🎶ပိုင် ကြားလိုက်ရသည့်သီချင်းသံကြောင့်ပြုံးကာ နေ့သစ်ထံလျှောက်သွားပြီး
"ဘာလဲ သီချင်းနဲ့Feelနေတာလား ခံစားချက်တွေတိုက်ဆိုင်နေတာလား"
ပိုင်မေးလိုက်တော့ လှည့်ကြည့်လာကာ ပြုံးပြနေပြီး
"လာလေကွာ ငါလဲတစ်ယောက်ထဲသောက်ရမှာပျင်းနေတာ"
"အဟွန့်"
ပိုင် ခပ်ဟဟပြုံးကာ နေ့သစ်ရဲ့မလှမ်းမကမ်းမှာထိုင်လိုက်တော့
နေ့သစ်က ဝိုင်ခွက်တစ်ခွက်အားယူကာ ဝိုင်အားထည့်ပေးပြီး
"ဘယ်လိုရောက်လာတာလဲ"
"ဒီလိုပါပဲ"
ပိုင် ဝိုင်အားအရသာခံကာသောက်နေပြီး ပျံ့လွင့်လာသည့်သီချင်းသံအား ဆက်ပြီးနားထောင်နေမိသည်
YOU ARE READING