8<Zawgyi>

1K 20 0
                                    


Episode💕8💕

"ဘာတွေဆော့ထားတာလဲ ဝမ်း"
နေ့သစ် သူ့ဘေးမှာထိုင်နေသောပြည့်အားမေးတော့ သွားတက်လေးပင်ပေါ်အောင်ပြုံးပြနေပြီး
"ပြည့်မဆော့ပါဘူး ကိုကြီးရဲ့"
နေ့သစ် ပြည့်အားကြည့်ကာ
"မဆော့လို့ပဲ ကိုကို့Acc nameကဘယ်လိုဖြစ်တာလဲ"
ပြည့် စပ်ဖြီးဖြီးလေးဖြင့်
"ဟီး...."
ပြည့်လက်ဆော့ချက်ကတော့ သူ့Acc nameကိုတောင် ပြောင်းထားသေးသည်
ပြည့်ကကျောင်းတက်နေတုန်းဆိုတော့ ဖုန်းမဝယ်ပေးရသေး
ပြည့်ကလဲ ဝယ်ပေးပါလို့မပြောဘူးလေ
ဘယ်ပြောမလဲ နေ့သစ်ဖုန်းတွေComputerတွေက သူ့အပိုင်လိုပဲ
သုံးချင်တဲ့အချိန်ယူသုံးတတ်သည်
နေ့သစ်personal Accတွေဆို နေ့သစ်က အလုပ်တွေကြောင့်သိပ်မသုံးဖြစ်
အမြဲသုံးသူကတော့ ပြည့်ပင်
ခုလဲ ကြည့် Acc nameကိုတောင်ပြောင်းထားသေးသည်
နာမည်လဲ မဟုတ် One Dayတဲ့
"ဝမ်းနော် နာမည်လဲမဟုတ်ဘူး"
နေ့သစ်စကားကြောင့် မကျေမနပ်နီစွေးစွေးနှုတ်ခမ်းဖူးတို့က အနည်းငယ်စူနေ၏
"ကိုကြီးကလဲ ဘာလို့နာမည်မဟုတ်ရမှာလဲ"
နေ့သစ် နားမလည်စွာ မျက်မှောင်ကြုတ်လိုက်တော့
"ကြည့်လေ Oneက ပြည့် Dayက ကိုကြီး ဟီးဟီး"
သူ့စကားနဲ့သူ ပြုံးနေသေးသည် နေ့သစ်မှာတော့ ကိုယ့်နဖူးကိုယ်သာပြန်ရိုက်ချင်သည်
"မှတ်သားစရာပါပဲ"
"ကိုကြီးကလဲ"
"ပြောပါဦး ဘာစိတ်ကူးပေါက်တာလဲ"
"ကိုကြီးကို ဘာQနေတဲ့ ကောင်မလေးချောချောလေးတွေများကြီးပဲ"
"အဲ့တော့!!!!!!"
"ပြည့်ကြိုက်ပါဘူး ကိုကြီးက မဘက်လိုက်ပြီး မိုက်ဘက်ပါလို့ ပြည့်ကိုထားခဲ့ရင် ဘယ်လိုလုပ်မှာလဲ"
"သြော်....."
နေ့သစ် သံရှည်ဆွဲပြောလိုက်သော် ပြည့်မကျေမနပ်မျက်စောင်းလေးထိုးလာကာ
"ဘာလဲ ပြည့်အမှန်တရားတွေပြောနေတာလေ"
"ဟော....ကိုကိုဘာ​ပြောလို့လဲ"
နေ့သစ် ပြုံးစစဖြင့် ပြန်ပြောလိုက်သော်
"ပြည့်မသိဘူးများထင်နေလား ကိုကြီးနော်"
ပြည့်အမြင်ကတ်စွာပြောလိုက်တော့ နေ့သစ်က
"ဗျ....'"
ရွဲ့ကာပင်ထူးနေသေးသည်
"ကိုကြီး Modelကောင်မလေးနဲ့ဇာတ်လမ်းတွေရှုပ်နေတယ်လေ ပြီးတော့ ဟို အစ်မနဲ့ရောပဲ"
"ကောလဟာလတွေပါ ဝမ်းရ"
"ပြည့် သူတို့တွေကိုယောင်းမမတော်ချင်ဘူးနော် ကြိုပြောထားတာ"
"ကိုကိုက ကုမ္ပဏီကိစ္စနဲ့အနည်းနဲ့အများပတ်သက်ရတာပဲလေ ဝမ်းရဲ့ အဲ့တာကို တခြားသူတွေက ပုံကြီးချဲ့တာ"
"အမှန်အတိုင်းပြောပါကိုကြီးနည်းနည်းတော့Qတယ်တော့လုပ်"
ဆရာကြီးစတိုင်ဖြင့်ပြောနေသောပြည့်ကြောင့် နေ့သစ်သဘောကျစွာရီလိုက်မိ၏
"အဟွန့်....အဟွန့်"
နေ့သစ် ရီသံကြောင့် စိတ်ဆိုးသူကပြည့်
"ကိုကြီး.... ပြည့်အတည်ပြောနေတာနော်"
"ဟုတ်ပါပြီဝမ်းရဲ့"
"အား!!!!!စိတ်တိုလာပြီနော်"
ပြည့် ပြောနေရင်းပင် ကိုကြီးအားစိတ်ဆိုးစွာ သူ့လက်အားဆွဲကာကိုက်ပစ်လိုက်၏
"အာ့!!!!ဝမ်းနော် ကိုကိုနာတယ်"
"နာပါစေ လူရှုပ်ကြီး ပြည့်သဘောမတူဘဲယူရဲယူကြည့် မင်္ဂလာဆောင်ကိုမီးလောင်တိုက်သွင်းပစ်မယ်"
"ကြောက်ပါပြီကွာ"
နေ့သစ် သူ့လက်မောင်းက သွားရာအကွင်းလိုက်အားကြည့်ကာ
"ကိုကို့ညီမလေးက ခွေးလေးပဲ"
"ကိုကြီးနော်"
ခဏလောက်နေတော့ ပြည့်ဘာစကားမှ ထပ်မပြောသောကြောင့် နေ့သစ်ကြည့်လိုက်လျှင်
"ကိုကြီး"
"ပြောလေ ဝမ်းရဲ့"
"ကိုကြီး တကယ်ချစ်တဲ့သူနဲ့တွေ့ရင် ပြည့်ကလူပိုဖြစ်သွားမှာပေါ့"
မျက်နှာလေးမကောင်းဖြစ်သွားသဖြင့် နေမထိထိုင်မသာဖြစ်သွားသည်ကနေ့သစ်
"ဟာ....ဝမ်း ကိုကိုကစတာပါကွာ"
"ပြည့်ကြောက်တယ် တစ်နေ့ကိုကြီးပြည့်ကိုပစ်သွားမှာကို"
"ပစ်သွားစရာလားကွာ"
ပြည့် ဝမ်းနည်းစိတ်ကြောင့် မျက်ဝန်းဝိုင်းလေးတွေ မျက်ရည်တွေပြည့်အိုင်လာပြီး
"ကတိနော်"
"ပေးပြီးသားလေ ဝမ်းရဲ့"
"ဟင့်"
နေ့သစ် ပြည့်ပါးပြင်ပေါ်က မျက်ရည်စများအားသုတ်ပေးကာ
"ကိုကိုပြောထားတယ်လေ ကိုကို့ဘဝမှာ ဝမ်းကနံပါတ်တစ်လို့ ဝမ်းက ကိုကို့ရဲ့အရေးကြီးဆုံး ဝမ်းထက် ဘယ်အရာမှအရေးမကြီးဘူး"
'"........."
"အာ...ကြည့်ပါဦး ကိုကို့ဝမ်းက ကလေးလေးကြလို့"
"အာ့ ကိုကြီးကြောင့်"
"ဟုတ်ပါပြီဗျာ....သွား အင်္ကျီသွားလဲ ကိုကိုအပြင်လိုက်ပို့ပေးမယ်"
"ရေး....."
ခုကျ ကလေးလေးလိုပင် ခုန်ပေါက်နေပြန်၏
နေ့သစ်ကသာစိုးရိမ်စွာ
"ဝမ်း ခြေထောက်ကိုသတိထားရမယ်လေ
"ဟီး...ဟီး"

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now