Chapter 2

504 12 0
                                    

(Unicode)

"ဒုန်း"

ဒေါသဖြင့် ထိုးချလိုက်သော လက်သီးချက်သည် စားပွဲပေါ်သို့ ကျသွားသည်။ ရှေ့တွင် ထိုင်နေသော ကောင်းထက်လင်းသည် သူ၏စီးပွားဖက် ငယ်သူငယ်ချင်းတစ်ယောက်မဟုတ်ဘဲ သူစိမ်းတစ်ယောက်သာဖြစ်ခဲ့လျှင် ခွန်၏ လက်သီးချက်သည် စားပွဲပေါ်သို့မကျဘဲ လင်းလင်း၏ မျက်နှာအနှံ့သို့ ကျရောက်ပေလိမ့်မည်။ ခွန်ကသာ ဒေါသအကြီးအကျယ်ထွက်နေသော်လည်း လင်းလင်းက အားရပါးရရယ်မောနေသည်။အရက်ရှိန်ကြောင့် လင်းလင်း၏ ဖြူဝင်းသော မျက်နှာသည် ရဲစပ်နေသည်။

"ဟား ဟား ဘယ်လိုဖြစ်တာခွန်ရာ။ မင်းကလဲ ဒေါသကြီးလိုက်တာဆိုတာ။ အေးဆေးပေါ့ကွာ"

"မင်း စကားပြောဆင်ခြင်လေ လင်းလင်း"

"ငါအတည်ပြောနေတာ ခွန်ရ။ ဒါမှာကွာ ငါပြောမယ်။ မေ့ရဲ့ ဖြူစင်တဲ့ သမင်မျက်လုံးလေးတွေက ငါ့ကို ညှိ့နေတာကွ။ မင်းလဲ သိတယ်မလား မေက ငါ့ရဲ့ စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံဆိုတာ။ပြီးတော့ မေ့ကို ငါလိုက်ရင် သေချာတယ် မေဟာ ငါ့အတွက် ဖြစ်လာမှာပဲ"

"ငါ မင်းကို ဆွဲထိုးမိတော့မယ် လင်းလင်း။မင်းမှာ ချစ်သူရှိတယ်လေ လဝန်းကို မင်းဘယ်လိုလုပ်မှာလဲ"

"မှန်တယ်လေ။ ငါက မေနဲ့ အခုမှ တွေ့ရလို့လေ။ မေ့ကို လဝန်းထက်အရင် တွေ့ခဲ့ရင် အခုအချိန်မှာ ငါ့ချစ်သူဟာ လဝန်းမဟုတ်ဘဲ သေချာပေါက် မေဖြစ်နေမှာပဲ"

"အေး ဒါပေမယ့် အခု မင်းချစ်သူက လဝန်းလေ။ မင်းတို့ လူကြီးမိဘတွေလဲ သိနေကြပြီပဲ။ အခု မေ့ကို မင်းရတော့ရော မင်း အားလုံးကို စွန့်လွှတ်နိုင်မှာမို့လား"

"အဲဒါတွေ ငါမစဥ်းစားချင်ဘူး ခွန်။ မင်းကို ရှင်းပြလဲ မင်းက နားလည်မှာမဟုတ်ဘူး"

"တော်ပြီကွာ ဆက်မပြောတော့နဲ့"

"ဟား ဟား အေးပါကွာ"

ထိုညက ခွန်တော်တော်နှင့် အိပ်မပျာ်။ လင်းလင်းပြောသော စကားများကိုစဥ်းစားကာ တနုံ့နုံ့နှင့် ဒေါသထွက်နေမိသည်။

မေသည် ခွန်တို့ Company ၏ Tourism ဌာန၏ ဌာနမှူးဖြစ်သည်။ ထိုဌာနကို ခွန်က ကြီးကြပ်သောကြောင့် မေသည် ခွန်၏ လက်အောက်ငယ်သားပင်ဖြစ်သည်။ မေသည် အလွန်တော်သည်။ ဘာသာစကားကျွမ်းကျင်မှုအပြင် နေရာဒေသအားလုံး၏ အဓိက အကြောင်းအရာ အချက်အလက်များကို အစဥ်မပြတ်လေ့လာလိုက်စားတတ်သော မေ၏ အရည်အချင်းသည် ခွန်တို့ Company ၏ မရှိမဖြစ်ပင် ဖြစ်သည်။

ထိမ်းမြားခြင်း ဥပေက္ခာ/ ထိမ်းမြားခြင်း ဥပေက္ခာ  (The Story Of Goddess)Where stories live. Discover now