Chapter 7

934 12 2
                                    

(Unicode)

"Hello မမ"

"Hello ကြွေ ပြော"

"မမ နေကောင်းရဲ့လား"

"ကောင်းပါ့ရှင် ကြွေရော နေကောင်းလား"

"ကြွေက ကောင်းတယ် မမ"

"ဖေဖေတို့ရော နေကောင်းကြလား"

"ဖေဖေက သိပ်မကောင်းဘူး မမ မေမေကတော့ ရှယ်ကောင်း"

"ဟုတ်လား ဖေဖေ ဘာဖြစ်လို့လဲ"

"အခုတလော ဆီးချို ပြန်တတ်နေလို့ မမရေ"

"ဟင် ဒုက္ခပဲ"

"အရမ်းမစိုးရိမ်ပါနဲ့ မမရဲ့။ ကြွေရှိပါတယ် အရမ်းစိုးရိမ်ရမယ်ြ အခြေအနေမဟုတ်ဘူး။ အခုတော့ ပြန်ဂရုစိုက်လို့ အရမ်းမဆိုးပါဘူး"

"ဖေဖေက အစားအသောက် မဆင်ခြင်ဘူးလား"

"ဟုတ်တယ် မမရေ လုံးဝမဆင်ခြင်ဘူး"

"မမ ပြောပါဉီးမယ် ကြွေရယ်"

"ပြောမြှဖစ်မယ် မမရေ။ ဖေဖေက သူ့သမီးကြီး စကားမှ နားထောင်တာလေ။ ကျန်းမာရေးကိစ္စဆိုရင် သူ့သမီး ဆရာဝန်မကြီး ပြောတာပဲ လက်ခံတာ"

"ဟုတ်ပါပြီ ကြွေရယ်"

"မမကို ကြွေ အဓိက ပြောချင်တာ မပြောရသေးဘူး"

"ဘာလဲ ကြွေရဲ့"

"ဒီလို မမရေ ကြွေ သာဝါကို လာမလို့"

"ကိစ္စရှိလို့လား ကြွေ"

"ကြွေကျောင်းတတ်တုန်က သူငယ်ချင်းလေ သူက သာဝါက ကောင်လေးနဲ့ လက်ထပ်တော့မှာ မမရဲ့။ သူတို့ ရန်ကုန်မှာ မင်္ဂလာဆောင်တော့ ကြွေ မသွားနိုင်လိုက်ဘူး။ အခု ကောင်လေးဘက်မှာ ထပ်ဆောင်မယ်တဲ့။ အဲဒါ ကြွေ မသွားရင် မကောင်းလို့ မမရဲ့"

"ဪ လာခဲ့လေ ကြွေ"

"သာဝါမှာ မမရှိတာလဲ သူက သိတယ်လေ အဲတော့ ကြွေ မလာလို့ မကောင်းဘူး"

"ဒါပေါ့ ကြွေရဲ့ ဘယ်နေ့လာမှာလဲ"

"သန်ဘက်ခါ လာမှာ မမ။ သန်ဘက်ခါလာပြီးရင် မင်္ဂလာဆောင်ကတော့ နောက်တပတ်ထဲမှာ ၅ရက်လောက်လိုသေးတယ်။ ကြွေက မမဆီလဲ မရောက်လို့ ကြိုလာမှာ"

"လာခဲ့ ကြွေ။ သန်ဘက်ခါဆိုရင် ကိုကိုလဲ မနက်ဖြန် လာမယ်ပြောတယ်"

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Mar 09, 2022 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

ထိမ်းမြားခြင်း ဥပေက္ခာ/ ထိမ်းမြားခြင်း ဥပေက္ခာ  (The Story Of Goddess)Wo Geschichten leben. Entdecke jetzt