Chapter 4

377 10 0
                                    

(Unicode)

"ဒီညတော့ ဒီနေတင်ကျွန်းမှာပဲ အိပ်ရမယ်ထင်တယ် ကိုယ့်လူတို့ရေ"

ခွန်  လှည့်ပြောလိုက်တော့ အားလုံး မျက်နှာလေးတွေ ငယ်သွားပြီး ခေါင်းညိတ်ပြကြသည်။

"အိပ်တာက ဟုတ်တယ် အကို။ရာသီဥတု အခြေအနေကိုလဲကြည့်ဦး။ ကျွန်တော်တို့ အန္တရာယ်ကင်းပါ့မလား"

"စိတ်မပူပါနဲ့ ဖိုးကျော်ရာ မုန်တိုင်းက ပင်လယ်ဘက်ကနေလာတာ။ ငါတို့ အခု ဖြတ်ကူးရင် အန္တရာယ်များလို ့အိပ်ဖို့ စီစဥ်တာပါ။ ဒီကျွန်းပေါ်မှာတော့ ဘာမှ မဖြစ်ပါဘူး"

"ဟုတ်ကဲ့ပါအကို"

"ကဲ အဲဒါဆို ယောက်ျားလေးတွေက တဲတိုးကြမယ်။ မိန်းကလေး ၃ယောက်အတွက် တစ်ခု ယောက်ျားလေးက ၅ယောက်ဆိုတော့ ၂ခု ထိုးလိုက်။မိန်းကလေးတွေက နည်းနည်းပါးပါး ဝိုင်းကူကြ"

"တော်သေးတာပေါ့ အကို မေက Tent ယူလာဖို့ သတိပေးလို့ပေါ့။ မေက အကွက်ကြိုမြင်တာ။ အရမ်းတော်တာ"

အင်ကြင်းက ပြောတော့ ခွန် မေ့ကို လှည့်ကြည့်လိုက်သည်။ ရှပ်အင်္ကျီ ဆင်စွယ်ရောင်လေးနှင့် ဂျင်းအနက်ကို တွဲ၍ ဝတ်ဆင်ထားသော မေသည် ရှင်းသန့် ကြည်လင်နေသည်။

"ဒေါ်အင်ကြင်းတို့များ နေရာကွက်ကြားမိုးရွာလိုက်တာတော်။ ခေါက်ဆွဲခြောက်ထုတ်တွေ စည်သွပ်ဘူးတွေနဲ့ အစားအသောက်ကိုသယ်ခဲ့တဲ့ ဒီက မိုးပွင့်ကိုကျတော့ စကားထဲတောင် ထည့်မပြောဘူး"

မိုးပွင့်က မျက်စောင်းလေးထိုးကာ မဲရွဲ့ပြောတော့ အင်ကြင်းက မိုးပွင့်ကို ဖက်လိုက်ကာ_

"ဒီက မိုးပွင့်လေးက အဓိက အရာတွေကို သတိရလို့ နောက်ဆုံးမှ အပြည့်အဝ ချီးကျူးမလို့ပါရှင်"

"ကဲ ကဲ နင်တို့ မိန်းကလေးတွေ စကားများလို့ပြီးဦးမှာလား။ မိုးချုပ်တော့မယ် လုပ်ငန်းစရအောင်"

သူရက ပြောတော့မှ အားလုံးတဲထိုးဖို့ပြင်ကြတော့သည်။ အလုပ်ခရီးသွားရင်း ဒီအတွေ့အကြုံကတော့ လူတိုင်း ကြုံဖူးပြီးသားမို့ အားလုံးက အသစ်အဆန်းတော့မဖြစ်။

ညပိုင်းရောက်တော့ အားလုံးပင်ပန်း၍ အိပ်ပျော်သွားကြသည်။ အိပ်ယာအသစ်တွင် အိပ်ပျော်ရန် ခက်နေသော ခွန်တစ်ယောက် လူးလိမ့်နေမိသည်။ ဘေးနားက ဖိုးကျော်၏ ဟောက်သံကြောင့် ခွန်ဘယ်လိုမှ အိပ်လို့မရ။နောက်ဆုံး အပြင်ထွက်၍ လေကောင်းလေသန့် ရှူရန် ဆုံးဖြတ်လိုက်သည်။

ထိမ်းမြားခြင်း ဥပေက္ခာ/ ထိမ်းမြားခြင်း ဥပေက္ခာ  (The Story Of Goddess)Onde histórias criam vida. Descubra agora