- Unicode -
" အဲ့တာ ဘာဖြစ်နေတာလဲ ? အသည်းကွဲနေတာလား ? "
ခြံထဲမှာ ငုတ်တုတ်ကြီး ထိုင်ပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေတဲ့သူကို သိပ်ကြည့်မရချင်တော့ပါ။ တစ်ပတ်ပြည့်တော့မယ်။ မနက်၊နေ့လယ်၊ည အဲ့လိုပဲ နေ့တိုင်းလုပ်နေတာ။ ဘာဖြစ်နေလဲဆိုတာကို သိပေမဲ့ မကောင်းတဲ့အကျင့်က နည်းနည်းလေး ကလိလိုက်ရမှ နေသာထိုင်သာ ရှိတာမလို့ မေးဖြစ်အောင် မေးလိုက်မိလေတယ်။
" စာက မရေးတော့ဘူးလား ? "
သြော် ... ပါးစပ်ကတောင် ပြန်မဖြေနိုင်ရှာတဲ့ တစ်မိုးအောက် စာရေးဆရာ ဂျုံဆောင်း။ ကိုင်းအကြည်ရောင် မျက်မှန်ကို အသာပင့်တင်လိုက်ပြီး သက်ပြင်းက ချလိုက်သေးလေရဲ့။ မနက်စောစောစီးစီးလည်း သက်ပြင်းချပြီး မျက်နှာက ဆူပုတ်နေလို့။ ဂျယ်ယွန်းကတော့ ' အခုမှ သက်ပြင်းတွေ လာမချမနေနဲ့ ' ဆိုတဲ့ မျက်နှာထားဖြင့် မချိပြုံး ပြုံးပြနေတယ်။
" ဒီနေ့နဲ့ဆို ခြောက်ရက် ရှိပြီ။ "
အားတင်းပြီး ပြောလိုက်တဲ့ လေသံမျိုး။
ခြောက်ရက်ရှိပါပြီ။ အဲ့ကလေး ကျွန်တော့်ဆီ မလာတာ ခြောက်ရက်တင်းတင်း ပြည့်ပြီ။ တစ်လလုံး တစ်နေ့တစ်ခါလောက် အမြဲတွေ့နေရတဲ့ မျက်နှာလေးကို မတွေ့ရတော့ ဘယ်လောက် တောင် လွမ်းနေမိမလဲဆိုတာ ဘေးက တောင့်တောင့်ကြီး ရပ်နေတဲ့ ဂျယ်ယွန်းလည်း သိမှာမဟုတ်ဘူး။
" မင်းကွာ လွမ်းနေရင်လည်း သူ့အိမ်ကို လိုက်သွားလိုက်ပါလား။ အိမ်ကိုလည်း သိနေတာပဲ။ ဒီလိုမျိုး ဝမ်းချုပ်နေတဲ့ ရုပ်ကြီးနဲ့တော့ ထိုင်မနေနဲ့။ အိမ်လာဘ်ပိတ်တယ်။ "
ကိုယ်ချင်းမစာမနာ ပြောသွားတဲ့ကောင် ! အလုပ်မသွားခင် တကူးတကကို လာဖဲ့သွားတာ။ အရင်စိတ်နဲ့ဆို အပြေးလိုက်ပြီး တစ်ချက်လောက် လက်စွမ်းပြပြီးနေလောက်ပြီ။ အခုက မတူဘူးလေ ! ကွဲနေတာ !! ရင်ဘတ်ကြီးတစ်ခုလုံး ကွဲပြဲနေတာဗျ !!!
ဒါမဲ့လည်း မပူပါနဲ့။ တစ်နည်းကျန်ပါသေးသည်။ အဲ့သြဇီသား အလုပ်မှာ ခလုတ်တိုက်ပြီး နဖူးကွဲပါစေ။
YOU ARE READING
𝖳𝗁𝗂𝗌 𝖧𝗈𝗇𝖾𝗒 𝖨𝗌 𝖭𝖺𝗎𝗀𝗁𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻
Fanfiction𝖲𝗐𝖾𝖾𝗍 𝖻𝗎𝗍 𝖻𝗂𝗍𝗍𝖾𝗋𝗌𝗐𝖾𝖾𝗍. ° 𝐉𝐀𝐘 𝐓𝐨 𝐓𝐡𝐞 𝐉𝐔𝐍𝐆𝐖𝐎𝐍 ° | 𝖲𝗁𝗈𝗋𝗍 𝖲𝗍𝗈𝗋𝗒