- Unicode -
" ငါမလိုက်ဘူး ! "
" မင်း မလိုက်လို့မရဘူးနော်။ မင်း မလိုက်ရင် ငါတစ်ယောက်တည်း ဘာလုပ်ရမှာလဲ။ "
" ဟ ! မင်းရဲ့ကလေးကြီးနဲ့ကြည့်ပေါ့ "
" သူတို့နှစ်ယောက်ကြား လေတိုးလို့တောင် ရပါ့မလား "
ဂျယ်ယွန်း၏ခပ်ငေါ့ငေါ့စကားအဆုံး နှစ်ယောက်သားလုံး ဆိုင်ထဲက ဝိုင်းတစ်ဝိုင်းဆီသို့ အကြည့်ရောက်သွားကြတယ်။ တကယ်ကို လေတိုးစရာ နေရာတောင် ရှိရဲ့လား။ အမှတ်မဲ့ ကြည့်လိုက်ပါက နှစ်ယောက်သား ဘေးချင်းကပ်ထိုင်နေတာလား ဂျောင်ဝန်းသည် ဆောင်းဟွန်းပေါင်ပေါ် တက်ထိုင်နေတာလား မသဲကွဲပေ။
တိုင်ပင်ညှိစရာမလိုဘဲ မျက်နှာနှစ်ခုက တစ်ချိန်တည်းမှာ မဲ့ကျသွားကြတယ်။ နေပါဦး၊ အဲ့လောက် ပူးကပ်နေဖို့ လိုလို့လား ??
" သူနဲ့ငါနဲ့က ဘာမှမဆိုင်တော့ဘူး။ သူနဲ့ပတ်သက်ပြီး ဘာမှလာမပြောနဲ့။ "
မတိုးမကျယ်ထွက်လာတဲ့ ဂျုံဆောင်း၏စကားကြောင့် ဂျယ်ယွန်းက နှုတ်ခမ်းကို မဲ့ရွဲ့ပစ်တယ်။ သည်စကားကို သူ အကြိမ်ကြိမ် ကြားနေရတာပဲ။ ပါးစပ်ကသာ ဘာဖြစ်တယ်၊ညာဖြစ်တယ်ဆိုပြီး ပြောနေတာ မျက်လုံးကတော့ ရယ်မောပူးကပ်နေကြတဲ့သူနှစ်ယောက်ဆီမှာ။ အဆွေးသမားအကြည့်တွေကို ဖုံးလို့မရပါဘူး။
" ရုပ်ရှင်ကြည့်ပြီးတာနဲ့ ငါ့ကလေးကို အကျအန ချစ်ခွင့်ပန်ဖို့ ပြင်ဆင်ထားပြီးသား။ ကျောင်းအထိ သွားတွေ့ရင်တောင် မသိချင်ယောင် ဆောင်နေတတ်တဲ့ ကောင်လေးနဲ့ ဒီလို တွေ့ရဖို့ဆိုတာ နောက်အခွင့်အရေးရမှာ မဟုတ်ဘူး။ ငါပြောတာ မင်းနားလည်တယ်မလား။ သူ့ဘက်က ခါးခါးသီးသီး မဖြစ်ခင် မင်းက ငါ့ကိုကူညီပါကွာ။ ငါလည်း ဂျောင်ဝန်းနဲ့ငါ့ကလေးက ညီအစ်ကိုဝမ်းကွဲဆိုတာ တကယ်မသိခဲ့တာပါ။ သိရင် ဒီလိုလုပ်ပါ့မလား။ "
ငါ့ကလေး ဆိုတာချည်း ထပ်နေအောင် ပြောသွားတဲ့ ဂျယ်ယွန်းကို အမြင်ကပ်ပေမဲ့ သနားစရာကောင်းအောင် မျက်နှာငယ်လေးနဲ့ ကြည့်နေတဲ့သူကြောင့် ဂျုံဆောင်းတစ်ယောက် စိတ်လေမိတယ်။ ဟိုကလေးကလည်း သည်လောက်တောင် အလိုက်မသိတာပဲလား။ အခုလည်းကြည့်၊ ဘာတွေအဲ့လောက်တောင် ပျော်နေမှန်းမသိ ?! နှစ်ယောက်သား ဘာတွေပြောလို့ပြောနေမှန်းမသိပေမဲ့ တော်တော်တော့ ပျော်နေကြပုံပဲ။
YOU ARE READING
𝖳𝗁𝗂𝗌 𝖧𝗈𝗇𝖾𝗒 𝖨𝗌 𝖭𝖺𝗎𝗀𝗁𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻
Fanfiction𝖲𝗐𝖾𝖾𝗍 𝖻𝗎𝗍 𝖻𝗂𝗍𝗍𝖾𝗋𝗌𝗐𝖾𝖾𝗍. ° 𝐉𝐀𝐘 𝐓𝐨 𝐓𝐡𝐞 𝐉𝐔𝐍𝐆𝐖𝐎𝐍 ° | 𝖲𝗁𝗈𝗋𝗍 𝖲𝗍𝗈𝗋𝗒