- Five - |Adorable with a little naughty|

3.7K 308 37
                                    

- Unicode -


" တကယ် ? "

" အင်းဆို၊ ကျွန်တော် အသည်းကွဲနေတာကို ဆောင်းဟွန်းဟျောင်းက ကြည့်မနေနိုင်တော့တဲ့အဆုံး ဂျယ်ယွန်းဟျောင်းကို အကူအညီတောင်းလိုက်တာ။ ကံတရားကလည်း ဆန်းကြယ်သားနော်။ ဆောင်းဟွန်းဟျောင်းကို ကြွေနေတဲ့သူတွေထဲ ဂျယ်ယွန်းဟျောင်းလည်း ပါနေမယ်လို့ ထင်တောင်မထင်ထားခဲ့ဖူးဘူး။ "

" ကိုယ်လည်း မထင်ထားခဲ့တာပါဆို။ ဒီကောင်ကြီး အခုတော့ သနားစရာပဲ။ "

ဂျောင်ဝန်း၏ပခုံးကို မှီလျက် ဂျုံဆောင်းက ပြောတော့ ...

" ဆောင်းဟွန်းဟျောင်းရဲ့စိတ်ကို သူကိုယ်တိုင်ကလွဲပြီး အန်တီတို့တောင် သိပ်သိတာမဟုတ်ဘူး။ သူက အရမ်းသိုဝှက်ပြီး တည်ငြိမ်လွန်းတယ်။ သူ့စိတ်ထဲမှာ ဂျယ်ယွန်းဟျောင်း ရှိနေလား၊ရှိမနေဘူးလားဆိုတာ သူကိုယ်တိုင်ပဲ သိမှာ။ ဟင်းးးမ် ! ဂျယ်ယွန်းဟျောင်း တော်တော်ကြိုးစားရမှာပဲ။ သနားပါတယ်။ "

ကောင်လေးက ဂျယ်ယွန်းဘက်ကနေ ကိုယ်ချင်းစာပြီး သနားကြောင်းပြောတော့ ကောင်လေး၏ပခုံးကို မှီထားတဲ့သူက နှုတ်ခမ်းစူလေရဲ့။ မျက်မှောင်လည်းကြုတ်လို့။

" ကိုယ့်ကိုရော မသနားဘူးလား။ အပြစ်လည်း မလုပ်ဘဲ လမ်းခွဲခံခဲ့ရတာလေ။ အဲ့ကောင်ထက် ကိုယ်က ပိုသနားဖို့ကောင်းတယ်ဆိုတာ သိရဲ့လား ! "

မကျေနပ်စွာ ပြောလာတဲ့ အသံမာမာကြောင့် ကောင်လေးက သဘောတကျရယ်ပြီး သူ့ပခုံးထက်က ခေါင်းအား အသာတွန်းလိုက်လေတယ်။ ဘေးချင်းယှဉ်ထိုင်နေရာကနေ ဂျုံဆောင်းနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် ပြောင်းထိုင်လိုက်တယ်။ ထို့နောက် သူ့အရှေ့က မျက်နှာချောချောအား လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး နူးညံ့စွာ ကြည့်နေတဲ့ မျက်ဝန်းတွေနှင့် ဂျောင်ဝန်း အကြည့်ချင်း ဆုံလိုက်မိတယ်။

" အဲ့အတွက် တကယ်တောင်းပန်ပါတယ်။ ကျွန်တော်လည်း မပျော်ရွှင်ခဲ့ဘူးဆိုတာ ကိုကိုလည်းသိရဲ့သားနဲ့။ ခွင့်မလွှတ်ပေးချင်သေးရင်လည်း ရပါတယ်။ ကိုကို့သဘောပါ။ "

𝖳𝗁𝗂𝗌 𝖧𝗈𝗇𝖾𝗒 𝖨𝗌 𝖭𝖺𝗎𝗀𝗁𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now