- Unicode -
သူငယ်ချင်းသုံးယောက် လက်ဖဝါးရိုက်ပြီး ဝယ်စရာရှိတာတွေနဲ့အတူ ဘီယာနှစ်ဘူးပါ ဝယ်ဖြစ်ကြတယ်။ ပထမဆုံးအကြိမ် လက်တွေ့စမ်းကြည့်ခြင်းပေါ့။ အသက်လည်း ပြည့်ပြီးပြီမလို့ သည်လောက်ကတော့ လုပ်လို့ရပါတယ်။ သောက်ကြည့်လိုက်တော့လည်း မဆန်းပါဘူး။ ကျွန်တော့်အကြိုက် မဟုတ်တာကြောင့် နောက် မသောက်တော့ဖို့လည်း တွေးလိုက်တယ်။
တွေးနေတုန်း ဆတ်ခနဲ ဆွဲယူခံလိုက်ရတဲ့ ဘီယာဘူးကြောင့် ဒေါသက ထောင်းခနဲ။ တရားခံကို ကြည့်လိုက်တော့ အစ်ကိုအရွယ်လူတစ်ယောက်။ တိတိကျကျ ပြောရရင် ပိုက်ဆံ စိုက်ရှင်းပေးနေတဲ့သူ။ ကျေးဇူးစကား ပြောချင်စိတ်တောင် ကြက်ပျောက်ဌက်ပျောက်ပဲ။
" ကျွန်တော့်ဘီယာ ပြန်ပေး ! "
ဂရုတောင် မစိုက်ဘဲ လက်ထဲက ဘူးကို ခပ်တည်တည်နဲ့ယူကာ ဆိုင်အပြင်ကို ထွက်သွားပြီဖြစ်တဲ့ ထိုလူ့အနောက်ကို ကျွန်တော်တို့သုံးယောက် လိုက်ရပြန်တယ်။ တကယ်အာရုံပဲဗျာ !
" ပြန်ပေးလို့ အွီးးးး !! "
" တော်လိုက်ပါတော့ ! "
ကျွမ်းကျင်မှုကို ထုတ်သုံးလိုက်တော့ သူက မခံနိုင်တော့။ လက်ကာပြပြီး အော်လာလေရဲ့။ သည်လိုပဲ ဖြစ်ရမှာလေ။ ယန်းဂျောင်ဝန်းက ဘယ်သူမို့လို့လဲ ဟက် !
အဲ့လိုနဲ့ပဲ လူကို ဆရာကြီး လာလုပ်နေတဲ့ သူစိမ်းကို ပညာပြခဲ့လိုက်တယ်ဆိုပါတော့။ ပိုက်ဆံ ငါးထောင်ပဲ တန်တာလားလို့ မေးရဲတဲ့ ထိုသူရဲ့ နှာခေါင်းကို ရဲတွတ်နေအောင် ထိုးပစ်ခဲ့လိုက်တယ်။ ရှူးရှူးရှားရှား ဖြစ်ပြီး ကျန်ခဲ့တာကို မြင်တော့ ကျေနပ်လိုက်တာဆိုတာ။
•*•*•*•
" ဟျောင့် ! ဟိုနေ့က အစ်ကိုကြီးမလား ? "
ဒန်နီရယ့်အပြောကြောင့် ခပ်လှမ်းလှမ်းက လူကို ကြည့်လိုက်မိတယ်။ တကယ်ကို ထိုလူပဲ။ ပုံမှန်အတိုင်း လမ်းလျှောက်နေတာတောင်မှ စတိုင်လ်ကျပြီး ကြည့်ကောင်းသား။
" တစ်စုံတစ်ယောက်ကတော့ တစ်စုံတစ်ယောက်ကို ကြည့်ပြီး ပြုံးနေတာပဲ။ "
YOU ARE READING
𝖳𝗁𝗂𝗌 𝖧𝗈𝗇𝖾𝗒 𝖨𝗌 𝖭𝖺𝗎𝗀𝗁𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻
Fanfiction𝖲𝗐𝖾𝖾𝗍 𝖻𝗎𝗍 𝖻𝗂𝗍𝗍𝖾𝗋𝗌𝗐𝖾𝖾𝗍. ° 𝐉𝐀𝐘 𝐓𝐨 𝐓𝐡𝐞 𝐉𝐔𝐍𝐆𝐖𝐎𝐍 ° | 𝖲𝗁𝗈𝗋𝗍 𝖲𝗍𝗈𝗋𝗒