- Unicode -
Koreaရဲ့နွေဦးက သည်လို နေလို့ကောင်းတာပဲလား။ သဘောကျလိုက်တာ။ ကားပေါ်က ပစ္စည်းတွေကို မ,ပြီး အိမ်ထဲ သွင်းနေကြတဲ့သူတွေကို သေချာကြည့်နေရတယ်။ တန်ဖိုးကြီးပစ္စည်းတွေ ကျိုးပဲ့ထိခိုက်ကုန်မှဖြင့်။
" နားနားနေနေ နေစမ်းပါ မြေးရယ် "
အလုပ်သမားတွေက အိမ်ထဲဝင်ရင် သူလိုက်ဝင်တယ်။ ကားအနားကို ရောက်လာရင် သူလည်း ရောက်လာပြီ။ သူ့ပစ္စည်းတွေကိုလည်း တစ်ချက်တောင် အလွတ်မခံ။ သေသေချာချာကို ကြည့်နေတာ။ ဘေးက အဘွားဖြစ်သူတောင် မနေနိုင်တော့ဘဲ ဝင်ပြောရတဲ့အထိ။ ဒါလား လူငယ်။ လေးဆယ်ကျော် ဦးလေးကြီးကျလို့။
" ဟူးလ် ! မောလိုက်တာ "
" မောမှာပေါ့ ၊ ကားပေါ်က ဆင်းကတည်းက အငြိမ်တစ်ချက်တောင် မနေတာကို။ ရေသောက်လှည့်ဦး။ "
အဘွားကို မျက်နှာချိုသွေးလိုက်ပြီး အသင့်ချပေးထားတဲ့ ရေကို တစ်ကျိုက်တည်း မော့ပစ်လိုက်တယ်။ အိမ်ကို တော်တော်လေး သဘောကျတယ်။ ပတ်ဝန်းကျင်ကိုလည်း သဘောကျတယ်။ အဲ့တာကြောင့် ဈေးတောင် မဆစ်ဘဲ ဝယ်လိုက်တာ။ တိတ်ဆိတ်ပြီး သပ်သပ်ရပ်ရပ် ရှိတဲ့ ပတ်ဝန်းကျင်က စာရေးဖို့အတွက် အကောင်းဆုံးပဲ။ ကိုယ့်ဘာသာကိုယ် တွေးပြီး ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိတော့ အဘွားကပါ လိုက်ပြုံးလေရဲ့။
" အမယ် ... ပျော်နေတာ "
" ပျော်တာပေါ့ အဘွားရဲ့။ ဒီနေရာလေးကို ကျွန်တော် တကယ်မျက်စိကျနေတာ။ အဘွားကရော မကြိုက်ဘူးလား။ "
" အဘွားက ငါ့မြေးလေးနဲ့ အတူတူနေရရင် ဘယ်မှာပဲဖြစ်ဖြစ် အဆင်ပြေပါ့။ "
အမေရိကကို ရောက်သွားတာ တစ်နှစ်လောက်ကြာသွားတယ် ပြောရမယ်။ မာမီတို့ဆီ အလည်သွားရာကနေ အတင်းဆွဲထားတာကြောင့် သုံးလမှ တစ်နှစ်အထိတောင် ကြာသွားတယ်။ နောက်ဆုံး အတင်းပြောမှပဲ အမိမြေကို ပြန်လာရတော့တယ်။ ဒါတောင် အတင်းအကျပ် ပြောလိုက်ရတာ။
မပြောလို့လည်း မရပါ။ အဲ့မှာသာ ဆက်နေရင် ဒယ်ဒီက သူ့ကုမ္ပဏီထဲ အတင်းထည့်တော့မဲ့ အဖြစ်တွေကို မြင်ယောင်နေတာမလို့ ပြေးလာရတယ်။ စာရေးတဲ့အလုပ်ကလွဲပြီး ကျန်တာကို စိတ်မဝင်စားပါ။ အဲ့အတွက်လည်း ခေါင်းကြောမာသင့်ရင် မာရမှာပဲ။ အဘွားကတော့ ' ငါ့မြေးလေးနဲ့မခွဲနိုင်ပါဘူး ' ဆိုတဲ့ အကြောင်းပြချက်နဲ့ သည်ကို ပါလာတယ်ဆိုပါတော့။ ဘာပဲဖြစ်ဖြစ် အဘွားရှိနေတော့ အထီးမကျန်တော့ဘူးပေါ့။
YOU ARE READING
𝖳𝗁𝗂𝗌 𝖧𝗈𝗇𝖾𝗒 𝖨𝗌 𝖭𝖺𝗎𝗀𝗁𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻
Fanfiction𝖲𝗐𝖾𝖾𝗍 𝖻𝗎𝗍 𝖻𝗂𝗍𝗍𝖾𝗋𝗌𝗐𝖾𝖾𝗍. ° 𝐉𝐀𝐘 𝐓𝐨 𝐓𝐡𝐞 𝐉𝐔𝐍𝐆𝐖𝐎𝐍 ° | 𝖲𝗁𝗈𝗋𝗍 𝖲𝗍𝗈𝗋𝗒