DARK & LIGHT
PART ❤1🖤
ကျွန်တော်က Park Jimin ပါ.......
ကျွန်တော်မှာ ဆန်းကြယ်တယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ရှိတယ်။
ကျွန်တော့်အချစ်ဇာတ်လမ်းက အများအတွက်တော့ ရွံ့စရာကောင်းတယ်လို့ ပြောကြပေမယ့် ကျွန်တော့်အတွက်ကတော့............။~~~~~~~~~~~~~~~~~~~~~~~~~~~~:):):)
နာရီ နှိုးဆက်သံ တစ်ညံ့ညံ့ကြောင့် မနက်ခင်းတစ်ခုလုံးဟာ ကဗြောင်းကဆန် ဖြင့် ဆံနွယ်စုပ်ဖွားနှင့် အပျင်းကြောလေးဆန့်ကာ ထလိုက်သည်။
"OH God သွားပါပြီ နောက်ကျတော့မယ်"
ပထမဆုံး အလုပ်စဆင်းမယ့် နေ့မှာပဲ
ကျွန်တော် အလုပ်နောက်ကျတော့မည် ဖြစ်သည့်အတွက် ကဗြောင်းကဆန် ကျားနောက်ကနေ လိုက်သလို ပြင်ဆင်တော့သည်။ကျွန်တော့် အလုပ်သွားဖို့ ကားသော့လေး ယူကာဖြင့် ကားထဲသို့ဝင်လိုက်တော့သည်။ဒီတိုင်းလေး မောင်းရင်း company ကားပါကင်ဝယ် ကားလေးထိုးရပ်လိုက်တော့သည်။နောက်ဆုံးတော့ရောက်ပြီ.......
နောက်မကျမှီ company ထဲသို့ အပြေးဝင်လိုက်သည်။
ကျွန်တော်နောက်မကျဖူးဟု ထင်လိုက်ပေမယ့် အမှန်တော့ အတော်ပင် နောက်ကျသွားတော့သည်။
ပြေးသွားကာမှ CEO ရုံးခန်းရှေ့ secreatry အလုပ်လုပ်ရာ စားပွဲက ထိုင်ခုံဝယ် ထိုင်နေသည့် ကျွန်တော်သူငယ်ချင်းက
"နောက်ကျလိုက်တာ CEO အထဲမှာရောက်နေပြီ "
"ဘာ......"
ကျွန်တော်က အသစ်ဆိုပေမယ့် ကျွန်တော့်သူငယ်ချင်းက ဒီ Company မှာ အလုပ်ဝင်တာ တစ်နှစ်ရှိလေပြီ။
အမှန်ဆို ဘွဲ့ရပြီ ချိန် အဖေ company မှာ အလုပ်လုပ်ကြည့်ပေမယ့် စိတ်မဝင်စားသည့်အတွက် အကိုနဲ့သာပစ်ထားကာ မိမိမှာသာ မိမိ အပြင် အလုပ်ရှာကြည့်မယ်ဟု အတွေးဖြင့် လျှာရှည်ခဲ့တာ မှားပြီဟုတောင်ထင်မိသည်။
CEO ရဲ့ အခန်းတံခါးလေးကို အသာ သုံးချက်ခေါက်ကာ တံခါးလေးလှည့်ကာ ဝင်လိုက်သည်။
နောက်ကျောကနေသာ မြင်ရသည့် သူပုံစံ ကုတ်ကို ချွတ်ထားပြီး အဖြူရောင် shirt
နှင့် အနက်ရောင်ဘောင်းဘီရှည် နောက်မှောင် တောက်ပြောင်နေသော ခါးပတ်ဟာ အထင်းသာ အနောက်ကကြည့်ရုံပင် အရပ်က 6ပေ နီးပါး ကျယ်ဝန်းတယ့် ပုခုံး ဖြင့် ဘောင်းဘီ အိတ်ထဲသို့ လက်ထည့်ကာ နောက်လှည့်နေသည်။