PART 9

2.9K 226 5
                                    

DARK & LIGHT

PART ❤9🖤

ဆေးရုံ အခန်းထဲဝယ် ထိုင်ရမရထမရဖြစ်နေသည့် Jungkook တစ်ယောက်
ဘာလုပ်ရမှန်းကို မသိပေ။

စိုးရိမ်စိတ်များဟာ ကုတင်ဝယ် လဲလျောင်းမေ့လဲနေသော jimin ကို ကြည့်နေရုံမှ တခြား ဘာမှမလုပ်နိုင်ပေ။

Tae စိတ်ပူစွာဖြင့် jungkook ဆီသို့ လှမ်းလာကာ ပုခုံးလေးကို ဆုပ်ကိုင်ကာပြီး

"jimin သတိရလာမှာပါ "

jungkook လဲ Tae ပြောသလို ဖြစ်လာပါစေ ဆုတောင်းနေရင်း...

"မင်း ဘယ်လိုသိတာလဲ.."

"ငါ့ဆီဖုန်းဝင်လာတာ..."

"ငါ့အထင် သူ ငါတို့နှစ်ယောက် သတင်းကီု မြင်သွားလို့ထင်တယ်..."

"ငါလဲ မသိဘူး...အဲဒါက မဟုတ်ပါစေနဲ့ပဲ"

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

jimin တတ်နေသည့်ဆေးရုံဝယ် တာဝန်ကျဆရာဝန်ဟာ namjoon သူငယ်ချင်းဖြစ်သည်မို့ ဖုန်းဆက်အကြောင်းကြားခြင်းပင်။

"ဘာပြောတယ် ငါ့ညီ ဆေးရုံမှာ "

jin နားစွန်နားဖျားကြားကာ စိုးရိမ်မှု များသွားကာ

"ဘာဖြစ်တာလဲ jimin က "

namjoon အကျီလေးကိုဆွဲကာမေးလိုက်သည်။

"jimin car accident ဖြစ်လို့တယ့် jin "

"ဘာ....ကျွန်တော်တို့သွားကြည့်ရအောင်လေ jimin အဆင်ပြေပါ့မလား "

"ခနလေး....မင်းနေမကောင်းဘူးလေ"

"ဟာ...အဆင်ပြေတယ်
သွားရအောင်လေ "

jin က အတင်း ပူဆာနေသည့်အတွက် namjoon မငြင်းသာ အတူခေါ်သွားခဲ့သည်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

Namjoon သူ့ညီဆေးရုံခန်းသို့ဝင်သွားလိုက်သည်။အနောက်က Jin လဲ ပါကာ

အထဲဝယ် namjoon ကြားဖူးသည့် နာမည်ကြီး စီးပွားရေးရှင်နှစ်ယောက် Jungkook နဲ့ Taehyung

သူတို့နှစ်ယောက် လက်ထပ်မည့်သတင်းဟာ မကြားချင်မှ အဆုံးမြင်နေရသည့်

မထင်မှတ်ထားတဲ့သူနှစ်ဦးက ဘယ်လိုပတ်သတ်မှုကြောင့် ဒီအခန်းထဲရောက်နေရတာလဲ အဖြေကို ခန့်မှန်းမရပေ။

DARK & LIGHTWhere stories live. Discover now