DARK & LIGHT
PART ❤6🖤
နောက်တစ်နေ့ကျွန်တော် အလုပ်ဝယ်.....
"ဟူး....."
"jimin ဘာဖြစ်လို့လဲ မင်းကြည့်ရတာ တစ်မျိုးကြီး "
"ဟုတ်တယ် ငါ့ ဖုန်းတစ်လုံးပျောက်နေလို့ အဲ့ဖုန်းက မိသားစုဖုန်း ငါ့မိသားစုနဲ့ စကားပြောတယ့်ဖုန်းလေ ပျောက်နေတာ ငါ့အကို ဖုန်းဆက်မရ လို့စိတ်ပူနေအုံးမယ်"
jin အခုမှ jimin အကို ဆိုမှ သူ သတိရလာကာ အလောတကြီး..
"မင်း အကို ဆိုမှ မင်းအကို အိမ်လာသွားတယ်"
"ဟင် ဘယ်တုန်းကလဲ"
jin ခေါင်းလေး ကုတ်ကာဖြင့်
"မင်း CEO နဲ့ လိုက်သွားတုန်းကလေ အိမ်လဲ ပြန်မလာဘူး ဒါနဲ့ပဲ ငါလဲ မေ့သွားတာ ပြောဖို့ ငါတစ်ခုပဲ မှတ်မိတော့တယ်..."
"ဘာလဲ အကို ဘာပြောခဲ့တာလဲ...ဘာမှတ်မိတာလဲ "
"မင်းအကိုရဲ့ မျက်နှာချောချောလေးပဲ မှတ်မိတော့တယ် "
jin အဖြေကြားထဲ jimin မှာဖြင့်..
"ဟင်....😒"
ထိုချိန် jungkook ရောက်လာသည်နှင့် မက်တပ်ရပ် နှုတ်ဆက်လိုက်သည်။
jungkook က ခေါင်းညှိမ့်ပြကာဖြင့် jinအား ကြည်ကာ
"jin ခနလာအုံး "
jin ကို ခေါ်ကာ အထဲသို့......
jimin မှာဖြင့် အရင်က သူ့ မျက်နှာပင်မကြည့်သည့်အတွက် ဝမ်းနည်းလှသည်။
*သူဘာဖြစ်တာလဲ....* အတွေးဝင်ကာ စိတ်ညစ်လိုက်သည်။မကြာမှီ jin ထွက်လာတော့သည်။
"jin ဘာပြောလိုက်သေးလဲ "
"ဘာမှ မဟုတ်ပါဘူး အလုပ် ကိစ္စပါ ငါ့ကို ကူအုံးကွာ "
"အေး......."
အခုတေလာ သူကျွန်တော့်ကို ရှောင်နေသလို ခံစားနေရတယ် အလုပ်ကိစ္စတောင် ခေါ်မပြောဘူး jin နဲ့ပင် ပြောခိုင်းသည်။
ကျွန်တော် အရင် စခေါ်မည်လုပ်တိုင်း
"CEO...."
"ခနလေး...အရေးကြီးဖုန်း ..."
အရေးကြီးဖုန်းဟူသော အကြောင်းပြချက် နှင့် ရှောင်ထွက်နေတာ ဘာမှန်းမသိဒီလိုပြုမူတာ တစ်လပင်ရှိပြီ။