DARK & LIGHT
PART 🖤11❤
မနက်ခင်း အလင်းတစ်ခုဝယ်...jimin ခေါင်းကြည်စွာဖြင့်....
မျက်လုံးလေးအသာပွင့်လာသည်နှင့် ဘေးဝယ်မြင်နေရသည့် ရင်ခွင်တစ်ခု
အနွေးဓာတ်လေးဟာ သူ့အတွက်တော့ အလွန်ပင် အေးချမ်းလှသည်။ခန္ဓာကိုယ်လေး က လူးလွင့်လာတော့သည်နှင့် Taehyung သတိထားမိသည်။ Tae က အလွတ်မပေးဘဲ jimin ခါးလေးကို အတင်းဖတ်ကာ ပို၍ပင် ဆွဲကပ်လိုက်သည်။
"ဟင်း.......မထသေးဘူးလား "
"ဟင့်အင်း...အမှန်တိုင်းပြောရရင် လုံးဝ မထချင်တော့ဘူး ဒါမျိုးလေး နေရတာ ကြိုက်တယ် "
"Tae ကွာ...မဆိုးနဲ့.....ထတော့...."
ပြောလေ ပိုဖတ်လေ မို့ Jimin သည်းမခံနိုင်တော့ပေ။ Taehyung ဆိုသည်မှာ jimin အကြောင်းအသိဆုံးပေ။ စိတ်က လက်တစ်ဆစ်ပင်။
"jimin.....jimin...."
"ဘာလဲ...."
"ချစ်လား....."
"ဟင်.."
"ချစ်လားလို့... "
"ချစ်တာပေါ့ "
Tae က jimin နှုတ်ခမ်းဖူးလေးဆီသို့ နှုတ်ခမ်းလေးဖြင့် အသာဖိကပ်လိုက်သည်။
"ကြိုက်တယ် "
"တဂယ်လား...ကြိုက်တယ်ပေါ့ "
"ကြိုက်တယ် "
အချစ်များဖြင့် နှိုးလာသည့်မနက်ခင်းကတော့ အသာယာ ဆုံးပင်။ ထိုအခြေနေလေးကို Tae အလွန်သဘောကြသည်။
Tae ရေချိုးနေတုန်း jimin အောက်ထပ်သို့ဆင်းနှင့်ကာ Tae အတွက် မနက်စာ ပြင်ပေးမည် အတွေးနှင့်ပင်။
အောက်က ဘောင်းဘီတိုလေးဖြင့် အပေါ်က ဝတ်ထားသည့် ရှပ်အကျီ အဖြူအရှည်ဖြင့် လှချက်မှာ ဘယ်ပန်းချီ ရေး၍မမှီပင်။
အောက်ထပ်က မီးဖိုချောင်ဝယ် ကော်ဖီ
သောက်နေသည့် jungkook မှာ jimin ပုံစံကိုမြင်သည်နှင့် အလွန်ပင် အံ့သြစွာဖြင့် အကြည့်ပင်မလွဲနိုင်ပေ။တစ်ချိန်က သူပိုင်ဆိုင်ခဲ့တယ့် အရာလေးဟာ အခုတော့ ကြည့်နေရုံမျှပင် မတတ်နိုင်ပေ။