DARK & LIGHT
PART 🖤3❤
jungkook အိမ်သို့ရောက်သောအခါ....
"Jimin ငါ့ စာကြည့်ခန်းကို ဟိုဘက်
ထောင့်နားမှာ အခုတော့ ကိုယ် ရေသွားချိုး အုံးမယ်""ဟုတ်ကဲ့ "
jimin က jungkook၏ စာကြည့်ခန်းဝယ် စာအုပ်များစစ်နေသည်။
"အင်း....အကုန်ပြီးပြီ ငါတော်လိုက်တာ "
ထပ်နေတယ့် စာအုပ်အချို့ကို ယူကာ ထွက်လာချိန် jungkook လဲ သူ့အခန်းထဲကနေ ခါးဝယ်သဘက်တစ်ထည်ဖြင့်
ခေါင်းကို သဘက် သုတ်လျှက် ထွက်လာသည်။လက်က Tattoo တွေက ဆွဲဆောင်နေသလိုမျိုး ဗိုက်ဝယ် ရှိသည့် ABS Muscle တွေကအလိမ်ညာမဟုတ်
jimin က JK ခန္ဓာကိုယ်ကိုကြည့်ကာ *WoW ငါကို မြူဆွယ်နေတာလား oh my god ဂလု...* တစ်တွေးကို သိသိသာသာ မြိုချမိလိုက်သည်။
jungkook က ခေါင်းကို ရေသုတ်ရင်း jimin ကိုကြည့်ကာ သူ့ခန္ဓာကိုယ်ကို ပေါ်တင်ငေးနေသည့်သူလေးအား မျက်စလေးပစ်ပြကာဖြင့်
"ခေါက်ဆွဲစားမလား........ "
jimin တစ်ယောက် JK body ဆီမှာ ခေတ္တခဏပြိုလဲနေစဥ် အမှုမဲ့အမှတ်မဲ့ကာ
"စားမယ်...စား.....စား...."
jimin သေချာလေး တွေးကြည့်မိကာမှ
ဖြင့် *ဘုရား....ဘာလဲ ခေါက်ဆွဲစားမလားတယ့်....ရင်တွေတုန်လာပြီ *jimin မျက်နှာမှာ အပြုံးတုလေးထင်ဟက်ကာဖြင့်.....
"မစားတော့ဘူး..... ဗိုက်ပြည့်နေလို့ "
ချက်ချင်းဆိုသလို jungkook အနားသို့ရောက်လာကာjimin လက်ကို ဆွဲကာ အနီးဝယ်ရှိသော ဧည့်ခုံရှီ ဆိုဖာခုံရှည်ပေါ်သို့ ပစ်ချလိုက်ပြီး အပေါ်ကနေ ကျားတစ်ကောင်လို အုပ်မိုးလိုက်သည်။
"CEO ဘာ...ဘာ..ဘာလုပ်မလို့လဲ "
"ငါ ဒုတိယ တစ်ခု "
jimin ကြောင်ကြည့်ကာဖြင့် *ဒုတိယတစ်ခုတယ့်လား ငါ့ကိုများ အစိမ်းလိုက်ဝါးစားမှာလား မသိဘူး ဘုရား ကယ်ပါ *ရင်ထဲဝယ် တဒိတ်ဒိတ် တုန်ကာ လက်ဖျားတွေခြေဖျားတွေပါ တုန်တတ်လာတော့သည်။
jungkook သတိထားမိကာ စိုးရိမ်နေသည့်မျက်ဝန်းများဖြင့်
"မင်း ကြောက်နေတာလား ကိုယ့်ကို..."