1

1.7K 118 3
                                    

အထက်တန်း နောက်ဆုံးနှစ် ဖြစ်တဲ့ ဆောင်းဟွန်း အတွက် စာတွေကလည တစ်နေ့ထက်တစ်နေ့ များလာသည်။

မလုပ်ချင်မှ အဆုံး လုပ်လိုက်ရတဲ့ အိမ်စာတွေ၊ ကျက်လိုက်ရတဲ့စာတွေ၊ တွက်လိုက်ရတဲ့ မြှောက်မြားစွာသော သခ်ျာပုဒ်စာတွေ တွေ ဆောင်းဟွန်း စိတ်ကုန်လှပြီ။

ဒါပေမယ့် ဆောင်းဟွန်း စိတ်မကုန်ချင်ဘူး။ ဒီစာတွေကို ကြိုးစားပမ်းစား လုပ်နေရတဲ့ အကြောင်းအရင်းတစ်ခုက ရှိကိုရှိသည်။

ထို လူ ကျောင်းကို ပြောင်းမလာခင် အချိန်အထိ ပတ်ဆောင်းဟွန်းဆိုတဲ့ သူက အထက်တန်း‌ကျောင်းသာ‌းတွေကြား ပေါ်ပြူလာဖြစ်ပြီး စာမေးပွဲတိုင်း အမြဲအဆင့်တစ်ရခဲ့သည်။

အဲ့ဒီ လူ ကျောင်းမပြောင်းလာခင် အချိန်ထိ ။သူကျောင်းစ ပြောင်းလာတဲ့ အချိန်ထဲက ကျောင်းရဲ့ ပေါ်ပြူလာ ဖုး်တဲ့သူကလည်း ထိုလူဖြစ်လာယုံသာမက ဆောင်းဟွန်းရဲ့ အမြဲအဆင့်တစ် ဆိုတဲ့ ဆောင်ပုဒ်ကို ကြေမွသွားအောင် ဖြတ်စီး ဖြစ်ခဲ့သည်။

ထိူ လူရဲ့ အမည်နာမက အီ ဟီ ဆွန်း တဲ့လေ။ ဆောင်းဟွန်းဘဝ အတွက် တစ်သက် မမေ့နိုင်တဲ့ ဂြိုလ်ဆိုးတစ်ကောင်ပေါ့

အီဟီဆွန်း ဆိုတဲ့ လူ သူ့ဘဝ ထဲ ဝင်လာပြီးထဲက ‌ဆောင်းဟွန်းရဲ့ အရာရာတိုင်းက ထိုလူရဲ့ အောက်မှာသာ အမြဲနှိမ်ကျနေခဲ့သည်လေ။

မကြိုက်ဘူး ... လုံးဝကို မကြိုက်ဘူး...
ပတ်ဆောင်းဟွန်းဆိုတဲ့ သူက အရာရာတိုင်းမှာ နံပါတ်တစ် ဖြစ်နေရမယ် အားလူံးထက် အမြင့်မှာ ဘဲ ရှိနေရမယ်။

ဆောင်းဟွန်းအတွက်တော့ နံပါတ်တစ်ဆိုတာ သူအတွက် အရာရာဖြစ်သည်။

နံပါတ်တစ် ဆိုတဲ့ ဂုဏ်ပုဒ်လေးသာ ဆောင်းဟွန်းကို ပျော်ရွှင်အောင် လုပ်ပေးသည်။

ငယ်ငယ်ထဲက မိဘတွေရဲ့ အိမ်ထောင်ရေးက မကောင်းတာကြောင့် မိဘတွေ စကားများတိုင်း အခန်းထဲ ပိတ်ကာ မျက်ရည်တွေကြားထဲ စာတွေကိုသာ အသားကုန် အော်ကျက်ခဲ့ရသည့် အချိန်တွေဟာ မရည်တွက်နိုင်အောင် များပြားခဲ့သည်။

အဖေ မဆုံးခင် အချိန်အထိဘဲပြောရမယ်။ အဖေ ဆုံးပြီးတဲ့ နေ့ကစပြီး အိမ်တော်က တော်တော်အေးချမ်းသွားသည်။

BE MY LOSERWhere stories live. Discover now