ဒီလို ဖြစ်မယ့် အရာတွေကို ကိုယ်တိုင်ဖန်တီး ယူခဲ့တဲ့ ဟီဆွန်းကတော့ ရှေ့လာမယ့် အနာဂတ်မှာ ရင်ဆိုင်ရမည့် အရာတွေကို လက်ခံနိုင်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားပုံရသည်။
တကယ်တော့ ဟီဆွန်းက လူနှစ်ယောက်ရဲ့ ချစ်ခြင်းတရားကို ဖြတ်စီးဖို့ရောက်လာသလို မဟုတ်ဘူး သူလိုချင်တဲ့ အရာကို ရဖို့အတွက် ကြားမှာ ရှိနေတဲ့ အတားအဆီး မှန်သမျှကို ဖြတ်စီးပြစ်ရမယ်။
အိမ်အပြန်လမ်းတစ်လျှောက်လူံး နှစ်ယောက်ကြားမှာ ကြားခံနယ် တစ်ခု ခြားထားသလို တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့ စကားလုံးတွေ ပျောက်ဆုံးနေသယောင် အိမ်ရောက်လာတဲ့ အထိ တိတ်ဆိတ်နေခဲ့သည်။
အိမ်ရှေ့ ကားရပ်လိုက်တာနဲ့ တစ်ပြိုင်နက် ဆောင်းဟွန်းလည်း ကားပေါ်က ဆင်းကာ အခန်းထဲ သွားမည်အလုပ်..
" ဆောင်းဟွန်း .. ချစ်တယ် "
ရှေ့သို့လှမ်းမည့် ဆောင်းဟွန်း၏ ခြေလှမ်းတွေဟာ ဟီဆွန်းရဲ့ စကားကြောင့် ရပ်တန့်သွားသည်။
ဘာကြောင့် .. ဘာကြောင့်.. များ.. ငါ့ကို မဟုတ်ဘူး အီဟီဆွန်းက မဟုတ်ဘူး မဖြစ်နိုင်ဘူး။
ရုတ်တရက် ရှုပ်ထွေးလာတဲ့ အတွေးတွေကို ရှင်းထုတ်ပြီး အခန်းထဲကိုသာ ရောက်အောင် ပြေးလာလိုက်သည်။
ဆောင်းဟွန်း အတွေးရှင်းရှင်းနဲ့ဘဲ နေချငိတာမို့ ခုနက ဟီဆွန်းပြောသည့် စကားကို မကြားချင်ယောင် ဆောင်နေလိုက်သည်။
သက်ပြင်းတစ်ချက် ချကာ ကိုယ်လက် သန့်စင်ဖို့ ရေချိုးခန်းထဲ ဝင်လာခဲ့သည်။
မှန်ပေါ်မှာ ထင်နေသည့် ကိုယ့်ရဲ့ ပုံရိပ်ကိုယ် ကြည့်ရင်း ဆောင်းဟွန်း မေးခွန်းတွေ ထုတ်နေမိသည်။
ဘာကြောင့်များ သူ့ဆီကိုဘဲ ကံဆိုးခြင်းတွေ ရောက်လာရတာလဲ ဆိုပြီး
သူ့ကြောင့်နဲ့ စိတ်ထိခိုက်ခဲ့ရတဲ့ သူတွေက မနည်း
အခုလည်း ဆောနူ ဆောနူကို သူအသုံးချ ခဲ့မိပြီ ထပ်ပြီး အဲ့ကလေးကို ဒဏ်ရာတွေ ပေးခဲ့မိပြန်ပြီ ပတ်ဆောင်းဟွန်းရာ!!!
YOU ARE READING
BE MY LOSER
Fanfiction"မင်းက ကိုကို့အတွက် အရှုံးသမားတစ်ယောက်ဖြစ်ပေးရမယ် ဟွန်း" ဟီဆွန်း