ဆောင်းဟွန်းရဲ့ အသုံးအဆောင်တွေကို လွှတ်ပစ်ဖို့ စေခိုင်းတဲ့ အကြောင်းအကြောင့်နှင့်တူသည်။ တစ်မနက်လူံး ဟီဆွန်းရှေ့ လုံးဝ ပေါ်မလာချေ။
ညနေ ငါးနာရီ ကျ စာသင်ဖို့ဆရာမက ရောက်လာမှာ ဖြစ်တဲ့အတွကကြောင့် စာကြည့်ခန်းတွေသာ အရင်အတိုင်း ဝင်ထိုင်နေလိုက်သည်။
စားပွဲပေါ်ရှိ စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် ဖတ်နေပေမယ့် စာထဲကအကြောင်းအရာ တွေမှန်သမျှက ခေါင်းထဲကို ဝင်မလာချေ။ ဟီဆွန်း ခေါင်းထဲရောက်နေတဲ့ တစ်ခုတည်းသော အကြောင်းအရာ ပတ်ဆောင်းဟွန်းသာ ဖြစ်နေသည်။
တစ်နေကုန် တစ်အိမ်ထဲတူတူရှိနေကြတာကို မျက်နှာလေးကိုတောင် မတွေ့ရတာ ဒါက ဖြစ်သင့်လား!!!
စဉ်းစားလေ ဒေါသထွက်လေ ဖြစ်နေသလို ရှေ့ကစားပွဲခုံပေါ် တင်းနေအောင် ဆုပ်ထားသည့် လက်သီးဖြင့် အားပါပါ ထုရိုက်လိုက်မိသည်။
" တောက်!!! "
တောက်တစ်ချက်ခေါက်ကာ စုတ်တစ်ချက်သက်ရင်း အခန်းပြင်ထွက်ကာ ပတ်ဆောင်းဟွန်းဆိုသည့် အမည်နာမကိုသာ အကြိမ်ကြိမ် ဟစ်အော် နေမိသည်။
" ပတ် ဆောင်း ဟွန်း မင်းဘယ်မှာလဲ "
" ပတ် ဆောင်း ဟွန်း!!!! "
ဟီဆွန်းရဲ့ အသံဟိန်းဟိန်းကို ကြားပုံပေါ်သည့် အိမ်တော်ထိန်းကြီးကလည်း ဟီဆွန်း ရှိရာကို ရောက်လာသည်။
" သခင်လေး ဟို ဆောင်းဟွန်း... အဲ့ကလေးက .... "
ပြောရမှာကို ကြောက်လန့်နေသယောင် ဖြစ်နေသည့် အိမ်တော်ထိန်းကြီးကို ဟီဆွန်း လေသံအေးအေးဖြင့် သာ တုန့်ပြန်လိုက်သည်။
" သူဘယ်သွားလည်း ကျွန်တော် သိချင်တယ် "
" သူဘယ်သွားလဲ ဆိုတာ သေချာမသိပေမယ့် ထမင်းစားပြီး ထွက်သွားတာပါ သွားခါနီး ဖုန်းပြောတာ ကြားလိုက်တယ် တွေ့နေ့ကြ ကျောင်းရှေ့က ကော်ဖီဆိုင်မှာ တွေ့မယ်ဆိုလား ကြားလိုက်မိတယ် "
" အဲ့တာဆို ကျွန်တော် သူ့နောက်လိုကိသွားမှာမို့ ဆရာမကို ဖုန်းလေးလှမ်းဆက်ပြီး ခွင့်တိုင်ပေးပါနော် ဒါဆို ကျွန်တော် သွားပြီနော် "
YOU ARE READING
BE MY LOSER
Fanfiction"မင်းက ကိုကို့အတွက် အရှုံးသမားတစ်ယောက်ဖြစ်ပေးရမယ် ဟွန်း" ဟီဆွန်း