အရာအားလူံးက ကံစီမံရာ အတိုင်း ဖြစ်လာတယ်ဆို ကံကြမ္မာက ဆောင်းဟွန်းကို ရက်စက်ခဲ့တယ်။
အထက်တန်းပြီးလိူ့ ဆေးကျောင်းတက်နေတဲ့ အချိန် ဖခင်ဖြစ်သူ အသက်ရှင်စဉ်က လုပ်ငန်းရင်းနှီးဖို့ ဆိုပြီး ယူခဲ့တဲ့ အကြွေးရှင်တွေက အိမ်ကို လာပြီး သောင်းကျန်းသွားကြသည်။
အကြွေးပြန်မဆပ်လို့ အကြွေးရှိကြောင်း ကျန်ရစ်တဲ့ မိသားစုကို လာပြောတာတဲ့လေ။
သေပြီးသွားတဲ့ အထိ မိန်းမနဲ့သားဖြစ်သူအပေါ် ဒုက္ခတွေ ပေးခဲ့သေးသည်။
ပေးရမယ့် ငွေက ဝမ် 2ဘီလီယံ ။ ဆောင်းဟွန်း အမေဘက်က မိသားစုအသိုင်းအဝိုင်းကလည်းရှိတာကြောင့် ဒီပိုက်ဆံ အခက်အခဲ မရှိ ပေးလိုက်လို့ရပေမယ့် အကြွေးရှင်တွေထဲက တစ်ယောက်က သူငွေကို မလိုချင်ဘူးဆိုပြီး ပြောလာခဲ့သည်။
ဘာလို့ချင်လဲ အိမ်လား ခြံလား မြေယာလား ရှယ်ယာတွေလား ကြိုက်တာ ပေးနိုင်တယ်လို့ ဆောင်းဟွန်းအမေက ဆိုလာပေမယ့် ထိုသူက သားဖြစ်သူ ဆောင်းဟွန်း ကိုဘဲ လိုချင်ပါသည်တဲ့။
ပိုက်ဆံလည်း ပေးနိုင်ပါတယ် ကျန်တာတွေလိုချင်လည်း ပေးနိုင်ပါတယ် ဆိူတာကြောင့် ထိူသူက ပတ်ဆောင်းဟွန်းဆိုတဲ့ သူ့ကိုသာ လိုချင်ပါသည်တဲ့။
အမေကတော့ အဆုံးထိ ငြင်းပေမယ့် နောက်ဆုံးမှာ ဆောင်းဟွန်းကိုယ်တိုင် လက်ခံခဲ့တာဖြစ်သည်။
အကြောင်းအရင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ သူ့ထက် 0.5 မှသာသွားပြီး ကျောင်းရဲ့ ဂုဏ်ဆောင်ဆုကို ရသွားတဲ့ အီဟီဆွန်း ဆိုတဲ့ သူကြောု့်ဖြစ်သည်။
သူ ဘာအကြံနဲ့ ဒီလိုလုပ်လဲ ဆိုတာ အရှင်းကြီး သူ့လက်အောက်မှ ခိုင်းစေလို့ရမယ့် အရှုံးသမားတစ်ယောက်လို ဆောင်းဟွန်းကို နေခိုင်းစေချင်လိူ့ဆိုတာ သိသည်။
ဆောင်းဟွန်း ထိုသတင်းကို စစကြားကြားချင်း တမလွန်ကို အေးအေးဆေးဆေးရောက်သွားသည့် ဖခင်ဖြစ်သူကို မမုန်းတဲ့ အပြင် ကျေးဇူးတောင်တင်မိသွားသေးသည်။
အီဟီဆွန်းဆိုတဲ့ မာန်တက်နေတဲ့ကောင်ရဲ့ မာန်တွေကို ရစရာမရှိအောင် ရိုက်ချိုးပြီး ပတ်ဆောင်းဟွန်းရဲ့ ဒူးအောက်ကို ရောက်အောင် လုပ်နိုင်မယ့် အခွင့်အရေးကြီးကို ရသွားတာ ကျေးဇူးမတင်ဘဲ နေနိုင်မလား။
YOU ARE READING
BE MY LOSER
Fanfiction"မင်းက ကိုကို့အတွက် အရှုံးသမားတစ်ယောက်ဖြစ်ပေးရမယ် ဟွန်း" ဟီဆွန်း